.... (1) ....
ကျွန်တော်မှတ်မိသေးတယ်
"ဇန်နဝါရီလ 3ရက် 2017"
မမသော်နဲ့ စတွေ့ ခဲ့တဲ့ရက်
အဲ့နေ့က ကျွန်တော်ဆရာ့အိမ်တိုင်ရာရောက် ပုစ္ဆာတစ်ပုဒ်သွားမေးခဲ့တာကို မှတ်မိသေးတယ်
ဒါပေမယ့် အပြန် အိမ်အ၀မှာ မမသော်နဲ့ စဆုံခဲ့တယ် အစကတော့ ကျွန်တော်ကဆရာ့တပည့် ထင်ခဲ့တာ နောက်မှသိလာရတာတော့ ဆရာ့သမီးတဲ့
စိတ်ထဲကပဲဆရာ့ကို ခွင့်တောင်းပါရစေ
"ကျွန်တော် ဆရာ့သမီးကို မမသော်လို့ ခေါ်ခွင့်ရှိမလား ဆရာ"နောက်သုံးလကြာတော့ ကျွန်တော် မမသော်ကို ဖွင့်ပြောခဲ့တယ် အဖြေတော့ ပြန်မရခဲ့ပါ...မမသော်ကို ကျွန်တော် နားလည်ပါတယ်
စာဖတ်ရတာကို ကြိုက်ပြီး စာပေကိုမြတ်နိုးတဲ့မမသော်နဲ့ ကျွန်တော်တွေ့တိုင်း လက်ထဲမှာ စာအုပ်တစ်အုပ်က ပါစမြဲ.. မမသော်ဟာ ကျွန်တော့်ကို အားလပ်ချိန်တိုင်း စာဖတ်ဖို့ မပြတ်တိုက်တွန်းလေ့ရှိတယ် မမသော်ရဲ့ကျေးဇူးကြောင့် စာအုပ်တစ်အုပ်ယူသွားလေ့ရှိတဲ့အကျင့်ရခဲ့တယ်
ကျွန်တော် မမသော်ရဲ့စကားကို
နားထောင်ပါတယ်နော်မမသော်ဟာ ရင့်ကျက်တည်ငြိမ်တယ်
ပြဿနာတွေကို စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်တယ် လျှို့ဝှက်တယ်
ခံစားချက်ကိုထုတ်မပြတတ်ဘူး
ကျွန်တော့်အတွက် ထူးခြားစေတယ်ကျွန်တော်သတိရသေးတယ် တစ်ခါကကျွန်တော် စနောက်လိုက်တာ မမသော် လန့်သွားပြီး လက်မှာဒဏ်ရာရသွားတာ
မမသော်ရဲ့လက်ဖမိုး ဖြူဖြူလေးမှာ သွေးနည်းနည်းထွက်သွားတယ်
မမသော်ကတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါတယ်တဲ့ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော်တော့ ခွင့်မလွှတ်နိုင်ဘူး
အဲ့အညိုရောင်ဖျော့တော့တော့ အမာရွတ်လေးကို မမသော် လက်ဖမိုးပြင်မှာ မြင်လိုက်တိုင်း ကျွန်တော် နာကျင်ရတယ်.... (2) ....
အောက်တိုဘာလ 9ရက် 2017
"မမ Korea ကို နောက်သုံးရက်နေရင် သွားရတော့မယ် ရှိုင်း"
"မမသော်ကလဲ...ကျွန်တော့်ကို မစပါနဲ့ဗျာ"
စစချင်းကြားတုန်းကလေ.. မမသော်က ကျွန်တော့်ကိုနောက်နေတယ်လို့ ထင်ထားခဲ့တာ...ဒါပေမယ့် အဲ့နေ့က မမသော်မျက်လုံးတွေက စနောက်နေကျ မျက်လုံးတွေမဟုတ်ခဲ့ဘူး။
"မမသော်"
ကျွန်တော် ခေါ်ကြည့်ခဲ့ပေမယ့်
ဒီနေ့မှာ မမသော်ဟာ တွေဝေနေခဲ့တယ်။
ကျွန်တော်ခေါ်တိုင်း "ပြော" လို့ တုန့်ပြန်တတ်တဲ့ မမသော်ဟာ... ကျွန်တော့်ခေါ်သံကို မကြားနိုင်လောက်အောင် တွေဝေနေခဲ့တယ်။မမသော်ဟာ ဘယ်မှန်းမသိတဲ့အဝေးကို ကြည့်ပြီး တွေဝေနေတာကို ကျွန်တော် လုံး၀မကြိုက်ပါဘူး။စက္ကန့်အနည်းငယ်ကြာမှ မမသော်ဟာ စကားစဆိုလာခဲ့တယ်။
" မင်းနဲ့မဆုံခင်ကတည်းက မမ စီစဉ်နေခဲ့တာကို မင်းသိသားပဲ "
"ကျွန်တော်သိတယ်..ဘာပဲဖြစ်ဖြစ် မမသော် သွားတော့မယ့်ရက်ကိုတော့ အစကတည်းကပြောဖို့ သင့်တယ်"
"ရှိုင်း!!..မင်းကို ပြောပြောမပြောပြော သေချာပေါက် သွားရမှာပဲ မင်းက ဘာတွေအထွန့်တတ်နေတာလဲ "
ဪ..လျှို့ဝှက်လွန်းတဲ့မမသော်ဟာ တခါတရံမှာ လူကို အမိန့်ပေးတတ်တာ ကျွန်တော်မေ့သွားခဲ့ပါတယ်။
YOU ARE READING
ဆု (Completed)
Romanceကျွန်တော်ဟာ မမေသော်တာကို အမြဲ ချစ်ချင်တယ် ချစ်နေတယ် ချစ်ဦးမှာပဲ ဒါလေးကိုတော့ယုံပါ ရှိုင်းထက် မမေသော်တာ နေရာမှ လေပြေရေးသားထားပါတယ် သူ့ Wattpad Link ပါ https://my.w.tt/DwjkDQXzt7 ...