(Unicode)
"ဒီနေ့ညနေက သင်္ဘောပေါ်ပြန်တက်ရမှာသိတယ်နော်။အဲ့ဒါ ဆရာမတို့ဖွဲ့ပေးတဲ့ ပါတနာနဲ့ မဲကျတဲ့နေရာကို ၃နာရီ ကြာလေ့လာပြီးရင်
ဆိုလ်းပြန်ရောက်ရင် စာတမ်းတင်ရမယ်။အချောင်ခိုလို့တော့မရဘူး။အဲ့စာတမ်းက မင်းတို့ကိုစာမေးပွဲမှာ များစွာအထောက်ကူပြုမှာနော်။ကဲဘာမရှင်းတာရှိလဲ"မနက်စာစားရင်းမှ ဆရာမရဲ့စကားကြောင့် ဂျောင်ကု တို့အဖွဲ့ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို ဆရာမ အဖွဲ့ပေးမယ် ဟွာရှင်းယောင် လီဆူယယ်တစ်ဖွဲ့။ပတ်ခ်ဂျီမင်း ဂျောင်ဟိုဆော့တစ်ဖွဲ့ ကင်မ်ထယ်ယောင်း ဂျွန်ဂျောင်ကု"
သူ့ရဲ့ပါတနာနာမည်ကြားလိုက်ရတာကြောင့် ဂျောင်ကုပြုံးလိုက်သည်။သူ့ကိုဝေးဝေးရှောင်နေတဲ့ ထိုအချေတော်ကို သူ့ဘက်ဆီပဲ ပို့ပေးနေတဲ့ ကံကြမ္မာ ကြီးအား ကန်တော့ပွဲနဲ့တင် ကျေးဇူးတင်စကားပြောမိချင်ပါဘိ။
"ဘာတွေသဘောကျ"
မင်ဂုရဲ့အမေးကြောင့် သူခေါင်းခါပြလိုက်သည်။တစ်ဖက်ဝိုင်းစီအကြည့်ရောက်သွားတော့ ဆူပုတ်နေတဲ့ မျက်နှာဘေးနဲ့ထိုင်နေသည့် ကင်မ်ထယ်ယောင်း။မနက်နိုးကထဲကပျောက်သွားတာ မနက်စာ စားမှသာ တွေ့ရသည်။
crushနဲ့ပါတနာဖြစ်ရတာကို သေမလိုဆူပုတ်နေတာသူ ပဲရှိတယ်။တကယ် ကင်မ်ထယ်ယောင်း သူ့ကိုcrushနေတဲ့လူစားတွေနဲ့တကယ်မတူ။အဲ့ဒါကပဲ စိတ်ဝင်စားစရာပင်။
"ပြောင်းပြန်ဖြစ်နေကြတယ်နော်"
အွန်းဝူရဲ့ အပြောအား သူသေချာနားထောင်လိုက်တော့
"Crushနဲ့အတူတူကျလို့ပျော်ရမှာကို ဆူပုတ်နေတဲ့သူနဲ့ crushက မျက်စိနှောက်လို့ဆူပုတ်နေရမှာကို ပျော်နေတဲ့သူနဲ့"
"ဒါကတော့သူကသူမတူတာကို"
"မင်းသူ့ကိုကြိုက်နေတာလား"
အွန်းဝူရဲ့အမေးကိုသူခေါင်းခါလိုက်ကာ
"မကြိုက်ဘူး အဲ့ထက်ကျော်နေတာ"
"ဟမ် ဒါ ဒါဆို"
မျက်လုံးပြူး မျက်စံပြူးဖြစ်နေသော အွန်းဝူ မင်ဂုနဲ့ဂျေဟွန်းတို့ကို ပြုံးပြလိုက်ကာ