သူမနဲ့ ကျွန်မလက်ထပ်ခဲ့တာ
ဆယ်နှစ်ရှိပြီ...
ကျွန်မထင်ခဲ့တာက အချစ်တစ်ခုရှိယုံနဲ့
အရာအားလုံးကိုမျက်ကွယ်ပြုနိုင်တယ်လို့
တကယ်လည်းသူမနဲ့ကျွန်မပျော်ရွှင်ခဲ့တယ်
အရာအားလုံးကိုကျောခိုင်းပြီး သူမကိုရွေးချယ်ခဲ့တယ်Lesbian စုံတွဲ
သဘာဝတရားကိုဆန့်ကျင်တဲ့လူ
လူ့ပတ်ဝန်းကျင်ကအမှိုက်လိုလူတွေ
အဆိုးစွန်အထိ မိန်းမပျက်မတွေဆိုတဲ့အထိ
အပြောအဆိုခံခဲ့ရတယ်...မတရားလိုက်တာ လူသားနှစ်ယောက်ချစ်တာကို
သေဒဏ်သင့်ရာဇဝတ်သားတွေထက်တောင်
အပြစ်ကြီးတဲ့လူသားတွေအဖြစ် သူတို့တွေးနေခဲ့တယ်
မဟုတ်ဘူး...တွေးနေတယ်လို့ပြောတာ
သိပ်ကိုသက်ညှာရာရောက်ပါတယ်လေ
ပေါ်တင်တစ်မျိုး ကွယ်ရာတစ်မျိုး
ကြားအောင်ဖြစ်စေ တိတ်တိတ်လေးဖြစ်စေ
ပြောခဲ့ကြတယ် ... အကြောင်းအရင်းက တော့
တစ်ခုတည်း.. လိင်တူချစ်ကြိုက်မိသူတွေမလို့တဲ့ကျွန်မနဲ့ သူမချစ်ခဲ့ခြင်းမှာ
နားလည်မှုတွေအထပ်ထပ်ကာရံထားခဲ့တယ်ကလေးအရမ်းချစ်တတ်တဲ့သူမ
ကလေးလေးတွေကိုကြည့်ပြီးပြုံးရယ်နေတတ်တာ...
ကလေးလေးတွေရဲ့သေးသေးကွေးကွေးလက်လေးတွေ
ထဲသူ့လက်ညှိုးလေးထိုးထည့်ပြီး ကလေးလေးတွေက
ဆုပ်ကိုင်လိုက်တိုင်း ဖြစ်ပေါ်လာတဲ့အပြုံးဘာပဲပြောပြော ကျွန်မချစ်ခဲ့တဲ့လူသားဟာ
ယောကျာ်း တစ်ယောက်မဟုတ်ပဲ
မိခင်စိတ်ရှိတဲ့ မိန်းမသားတစ်ယောက်မို့လို့တစ်နေ့ ကျွန်မတို့ရဲ့
နှစ်ပတ်လည်နေ့မှာ အပြောင်းအလဲကြီးတစ်ခုက
အိမ်ရှေ့တံခါးကိုခေါက်ခြင်းနဲ့ရောက်လာခဲ့တယ်...အေးစက်စက်ဆောင်းတွင်းမှာ
ဝါးလေးနဲ့ရက်လုပ်ထားတဲ့ခြင်းလေးထဲ
အနွေးထည်ခပ်ထူထူလေးအောက် နှစ်ခြိုက်စွာအိပ်
ပျော်နေတဲ့ ကလေးလေးတစ်ယောက်ဖောင်းတစ်နေတဲ့ပါးလေးတွေက အအေးဒဏ်ကြောင့်
ထင်ပါရဲ့ ခပ်ရဲရဲလေးဖြစ်နေခဲ့တယ်
ပြီးတော့မှိတ်ထားတဲ့မျက်လုံးလေးက
လခြမ်းကွေးလေးလိုပဲ.... နှုတ်ခမ်းရဲရဲလေးက
ဘဲပေါက်လေးတွေလိုစူထွက်နေသေးသည်...
YOU ARE READING
D.E.A.R.E.S.T
Short StoryLesbian မိဘနှစ်ပါးကြားထဲ မမျှော်လင့်ဘဲရောက်ရှိလာခဲ့တဲ့ ကလေးငယ်ငယ် သွေးမတော်သားမစပ်ပေမယ့် အသက်နဲ့ရင်းပြီးချစ်ကြတဲ့ သူတို့နှစ်ယောက် 528 မေတ္တာနဲ့ 1500 မေတ္တာကြားထဲက လှပမှုတွေကိုလွမ်းမောဖွယ်ဖော်ပြသွားမယ့် Dearest... #moonlight