#1

542 24 1
                                    

လူ့ဘဝဆိုတာ တိုတိုလေး....။

နေလို့ရတဲ့အခိုက်အတန့်လေးမှာ အမတို့ နှစ်ယောက်နဲ့ အတူတူရှိသွားပေးချင်တယ်...။
တစ်ခုခုဆို ငြီးငွေ့လွယ်တဲ့လူမို့လို့ သက်ပြင်းတွေ အခါခါချနေမိတာ အဲ့ဒါကြောင့်လဲ ပါတာပေါ့...။

"SaTzu''ဆိုတဲ့ မြတ်နိုးခြင်းတရားလေး ရင်ထဲ ​ရောက်လာတာ နောက်လဆို သုံးနှစ်ပြည့်ပြီ...။ ဒီအတောအတွင်း တစ်ခါလောက်တောင် စိတ်ကုန်မိတာမျိုး မရှိသေးဘူး...။

ဒါပေမဲ့အမတို့ရယ် ဘဝဆိုတာက ပုံသေတွက်ထားလို့မှ မရတာ...။ တစ်ရက်လေးအမတို့အကြောင်း မတွေးမိတာနဲ့ပဲ တဖြေးဖြေးနဲ့နေနိုင်သွားရင် ဘယ်လိုလုပ်မလဲ..။

ထပ်ခါထပ်ခါ ဖြစ်တည်လာတော့မဲ့ လျစ်လျူရှုမှုအတွက် ဘာကြောင့်လဲ မေးရင် ဖြေစရာ အဖြေမရှိဘူး..။ ပြီးတော့ ညီမက အဖြေရှာမရတဲ့မေးခွန်းတွေကို မုန်းတယ်..။

နေနိုင်သွားရင် ဘယ်လိုလုပ်ရမလဲ?
သွေးအေးသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ?

အမတို့စိတ်နဲ့ အသက်ရှင်နေတဲ့လူမလို့ တွေးရင်းတွေးရင်း ချာချာလည်နေတာပဲ...။ ကိုယ့်စိတ်ခံစားချက်တွေက မူမမှန်ဘူးဆိုရင် ကြောက်စရာကောင်းတာ ကိုယ်ကိုယ်တိုင် အသိဆုံး...။

အတိတ်မေ့သွားရင်တောင် ရင်ထဲစွဲထင်ကျန်နေမှာပါဆိုတဲ့ မြတ်နိုးခြင်းတရားလေးက တယုတယနဲ့ တန်ဖိုးထားဖို့ ကောင်းတယ်...။ဒါပေမဲ့ ဘဝဆိုတာက အာမမခံနိုင်ဘူး..။

အရင်က ညီမရင်ထဲမှာ ရှိခဲ့တဲ့လူတွေတောင် ဗလာအဖြစ် တဖြေးဖြေးပျောက်ကွယ်သွားခဲ့သေးတာ..။ အမတို့ နှစ်ယောက်ကို ညီမမေ့သွားရင် ဘယ်လိုလုပ်မလဲ?

ညီမကြောက်တယ်...။ ညီမက စိတ်ခံစားချက်တွေကို ဝန်မခံတတ်ဘူး...။ဒါပေမဲ့ ညီမတကယ်ကြောက်နေတယ်။
အမတို့ကို ဘယ်တုန်းကမှ မသိခဲ့သလိုမျိုး ပုံစံကြီးနဲ့ ဆက်ရှင်သန်သွားရမှာ ညီမကြောက်နေတယ်...။

အမတို့မရှိတဲ့ မနက်ဖြန်တွေကို ညီမဖြတ်သန်းရမှာ မုန်းတယ်။ ညီမမုန်းတဲ့အခြေအနေမျိုး ဖြစ်လာမှာကို ညီမအခုထဲကတွေးပြီး မုန်းနေတယ်...။

အသက်ရှူမရပ်သရွေ့ အတူရှိပေးပါ့မယ်ဆိုတဲ့ ကတိကို တည်ချင်တယ်..။အတူလဲ ရှိပေးချင်တယ်...။အားလုံးနဲ့ လဲနိုင်တယ်...။''SaTzu''ဆိုတဲ့ ကမ္ဘာကြီးကိုပဲ မျက်စိစုံမှိတ် ယုံကြည်တာမို့လို့...။

ဒါက အမတို့စိတ်နဲ့ ဖြစ်တည်လာတဲ့ လူတစ်ယောက်ရဲ့ အရိုးသားဆုံး ဖွင့်ဟဝန်ခံချက်ပါ...။

ဒီစာတွေကို ရင်နဲ့ရင်းပြီး သေသေချာချာ ရေးခဲ့မယ်..။
နောက်ကျရင် စိတ်က ​ပြောင်းလဲချင်ရင်တောင်မှ အမတို့အကြောင်း ရေးခဲ့တာတွေ လုပ်ခဲ့တာလေးတွေ ပြန်စဉ်းစားမိပြီး သတိပြန်ဝင်လာအောင်လို့...။

ဘယ်တော့ပြောင်းလဲသွားမလဲ မသိနိုင်တာမို့လို့
မနက်ဖြန်တိုင်းမှာ ပိုပိုချစ်ပေးပါ့မယ်...။

ဒါမှ ​နောင်အခါ ဒီအသိုက်အမြုံလေးကို ဖျက်ဆီးမဲ့လူ ​ပေါ်လာခဲ့ရင်တောင်မှ ဒီလူသားနှစ်ယောက်ကို ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ မြတ်နိုးဖူးတယ်ဆိုတာလေးကို တစ်သက်လုံး ရင်ထဲ သိမ်းထားချင်လို့ပါ....။

"ကျွန်မ SaTzu ဆိုတဲ့ ဒီလူသားနှစ်ယောက်နောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့လို့ ဘယ်တော့မှ နောင်တမရဘူး....''

Leo Vam
27.06.2020

(12:25 ဆိုတာကိုပဲ အသုံးများနေတော့ 27 ဆိုတာကို ဇဝေဇဝါဖြစ်နေကြမယ်ထင်တယ်...အဲ့ဒါက ကိုယ်ရဲ့ FAV No ပါ...That's why,this is called Confession No.27)

[ Confession No.27]Where stories live. Discover now