ဒီစကားကို တော်ရုံတန်ရုံဆိုရင် ပြောခဲပေမဲ့
ညီမအမတို့ကို ချစ်တယ်...။ရင်နဲ့ရင်းပြီးရလာတဲ့ ချစ်ခြင်းမေတ္တာက သိပ်ကို အဖိုးတန်လွန်းတယ်...။အတူရှိနေတာနဲ့တင် မြတ်နိုးရလွန်းလို့ မျက်ရည်ကျမိတဲ့အထိပဲ...။
ညီမအမတို့နှစ်ယောက်ကို ဘယ်လောက်ချစ်တယ်ဆိုတာ လူတွေမသိဘူး...။နဂိုတည်းက ထုတ်မပြတတ်တဲ့ လူမျိုး မို့လို့ ချစ်ခြင်းမေတ္တာတွေကို ဘယ်လိုပုံစံနဲ့ ဖော်ပြရမလဲ ညီမကောင်းကောင်းမသိဘူး..။ဒါလေးတစ်ခုကိုတော့ ခွင့်လွှတ်ပေးနော်...။
အခု ညီမပြောနေတဲ့စကားတွေနဲ့ ချစ်ပြနေတဲ့အပြုအမူ တွေက ညီမရင်ထဲမှာရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ယှဉ်ရင် မြူတစ်မှုန်စာလောက်တောင် မများပါဘူး...။
SaTzuဆိုတဲ့ စကားတစ်ခွန်းက ပြုံးရယ်ဖို့ အတွက်လဲ ဖြစ်နိုင်တယ်..။ရှိုက်ငင်ဖို့လဲ ဖြစ်နိုင်တယ်...။ဝင်သက် ထွက်သက်အထိ ညီမတရှိုက်မက်မက် ရွတ်ဆိုချင်မိတဲ့ ဝေါဟာရပါပေါ့...။
အတူရှိနေရုံနဲ့တင် ပြီးပြည့်စုံနေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ညီမဘယ်OTPဆီမှာမှ မရဖူးဘူး..။ညီမသဘောကျတဲ့ OTPတွေမရှိဘူးမဟုတ်ရှိပါတယ်..။အမတို့နဲ့ ယှဉ်လာရင်တော့ NO NOပဲ...။အမတို့က ညီမရဲ့ တစ်ခုတည်းသောနဲ့ ပြောင်းလဲသွားမှာမဟုတ်တဲ့OTP..။
ညီမက သံဃောဇဉ်တွယ်ရတာမကြိုက်သလို တွယ်လာတဲ့ သံဃောဇဉ်ကိုလဲ အလေးအနက်မထားတတ်တဲ့လူ..။ မိဘမျိုးရိုးအပေါင်းအသင်းတွေကြားမှာ သွေးအေးပြီး ခံစားချက်မရှိတဲ့ ညီမက အမတို့ကိုတော့ လိုလိုလားလား ဖက်တွယ်ချင်တယ်...။
ချစ်ခြင်းမေတ္တာက အကြည့်လေးဆုံရုံနဲ့လဲ ဖြစ်နိုင်တယ်..။
အပြုံးတွေအသက်ဝင်ရုံနဲ့လဲ ဖြစ်နိုင်တယ်..။အထူးသဖြင့် အမတို့နှစ်ယောက်နဲ့ပတ်သက်လာရင် အရာအားလုံးက ချစ်ခြင်းမေတ္တာပဲ...။နေကြာတွေက သူတို့ဘဝတစ်လျောက်လုံး နေမင်းကြီးရှိတဲ့ဘက်ကိုပဲ မျက်နှာမူရင်း သေဆုံးကြသတဲ့..။
ဒီလိုပဲ...ညီမရဲ့အရာအားလုံးက အမတို့ကိုပဲ မျက်နှာမူတယ်။သီးသန့်သုံးနှုန်းတဲ့ နာမ်စားကို နှုတ်ခမ်းက ခပ်ဖွဖွ ရေရွတ်မိတယ်ဆိုရင်ဘဲ ရင်ထဲက အော်တိုနွေးခနဲ ဖြစ်သွားပြီ။
အမတို့နှစ်ယောက်ကို realစေချင်တဲ့စိတ်နဲ့ shipခဲ့တာ မှန်ပေမဲ့ အခုတော့ အမတို့နှစ်ယောက်ရဲ့ အခိုက်အတန့် လေးတွေကို ပိုပြီးတန်ဖိုးထားမိသွားပြီ...။
Realချင်Real မRealချင် မRealနဲ့..။ဒါက ညီမအလုပ်မဟုတ်ဘူး...။
ညီမအလုပ်က အမတို့နဲ့ပတ်သက်တဲ့ အခိုက်အတန့်တိုင်းကို မြတ်နိုးပေးဖို့ ချစ်ပေးဖို့...။ဦးနှောက်ထဲက မှတ်ဥာဏ်တွေ Brainwashအလုပ်ခံလိုက်ရရင်တောင် နှလုံးသားထဲ ကမ္ဗည်းစွဲနေမဲ့အမည်နာမက ''SaTzu''ပဲ...။
ပျော်ရွှင်ရတယ်..။နာကျင်ရတယ်..။
ဒါပေမဲ့ ဖမ်းဆုပ်ထားချင်တုန်း...။တစ်ခါတစ်လေ အတွေးလွန်ပြီး ရူးသွားမလားတောင် ကိုယ့်ကိုယ်ကို ထင်မိတယ်..။အမတို့နှစ်ယောက်နဲ့ ပတ်သက်လာရင် သေးသေးလေးကအစ တန်ဖိုးထား တတ်တဲ့လူမို့လို့...။
မပိုင်ဆိုင်ရက်လွန်းလို့ ငေးကြည့်နေရတဲ့
ကြယ်တွေက တခါတလေ ပိုလှတတ်တယ်လေ..။ဒီလိုပဲပေါ့....။
အမတို့ကလွဲရင် တခြားမရှိတဲ့ ညီမကမ္ဘာမှာ အမတိုနှစ်ယောက်က အရာအားလုံးပါပဲ..။
LeoVam
27.07.2020
YOU ARE READING
[ Confession No.27]
Randomရင်ထဲ နှလုံးသားထဲအထိ အနက်ရှိုင်းဆုံး နေရာယူခဲ့သော... 12:25 သို့မဟုတ် ကျွန်မပျော်ရွှင်မှုရဲ့ အရင်းအမြစ်....။ ကျွန်မရဲ့ အရာအားလုံး ဖြစ်တဲ့ လူသားနှစ်ယောက်ဆီသို့....။ I titled myself as ''Leo Vam'' Because of these two.