ONE SHOT *Yaoi* PART-1

5.4K 199 3
                                    

Luhan သူကစတိုးဆိုင်တစ်ခုကအရောင်းဝန်ထမ်းလေးပါ သူကအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းတက်ဖို့အတွက်သူ့ကိုအခွင့်အရေးမပေပးခဲ့ပါဖူး သူအခုကျောင်းခဏနားထားပြီး သူ့အမေကိုလည်းကျွေးမွေးစောင့်ရှောက်နေရသည် Luhan ဆိုသူကသမင်မျက်လုံးလေးတွေနဲ့ နှာခေါင်းလုံးလုံးလေး ပန်းနုရောင်နှုတ်ခမ်းပါးလေးတွေကို ပိုင်ဆိုင်ထားတဲ့ယောက်ျားလေးတစ်ယောက်ပါ မိန်းကလေးလိုမျိုးချစ်စရာမျက်နှာလေးက ဆိုင်ကိုလာဝယ်တဲ့ ယောက်ျားလေးမဆို မိန်းကလေးမဆိုကိုဆွဲဆောင်နိုင်ခဲ့တယ် သူကဆိုင်ကိုလာဝယ်တဲ့ သူတိုင်းကိုအပြုံးချိုချိုလေးများနဲ့ နှုတ်ဆက်တတ်တယ် ပြီးတော့ သူ့ရဲ့ uniform အဖြူရောင်လေးနဲ့ ဦးထုပ်အဖြူလေးက သူ့အသားအရေနဲ့ဆိုတော့ ပိုပီးလိုက်ဖက်လှသည်

Luဆိုင်ထဲဝင်လာသောလူတစ်ယောက်ကိုခေါင်းလေးငုံ့ကာနှုတ်ဆက်လိုက်သည် ပြီးတော့ သူ့အလုပ်သူဆက်လုပ်နေလိုက်သည် ကွန်ပျူတာနှင့်ငွေစွှာင်းတွေ ပြန်စစ်ရင်းအသံကြား၍လှည့်ကြည့်လိုက်သည် ဘယ်သူမှမရှိသောကြောင့် Luhan စိတ်နည်းနည်းထင့်သွားသည် တံခါးပေါက်ရှိလူဝင် bell မအသံမြည်လာ၍ Luhan လှည့်ကြည့်လိုက်သောအခါ ဟိုလူခုနကဆိုင်ထဲဝင်လာသောသူသည် အထုတ်အမဲတစ်ထုတ်ကိုပိုက်ကာ ထွက်ပြေးသွားလေသည်

Ya!!!naw!!!

ရပ်စမ်းးး Ya!

ထိုလူသည်အရှေ့ကနေအထုတ်အမည်းကိုကိုင်ကာ အနောက်လှည့်တကြည့်ကြည့်နှင့် ထွက်ပြေးလေသည် Luhan ကလည်းလက်ညှိုးတထိုးထိုးနှင့် ထိုလူကိုအမျိုးစုံအားရပါးရအော်ဟစ်ကာ အအနောက်မှပြေးလိုက်လေသည် လမ်းအကွေ့နားရောက်တော့ Luhan သူ့ဖိနပ်ကိုတစ်ဖက်ကိုချွတ်လိုက်ပြီး ပစ်ပေါက်ရန်အတွက်ရွယ်လိုက်သည် လမ်းအကွေ့မထွက်လာတော့ Luhan သူ့ဖိနပ်ကိုအရှိန်နှင့် ပစ်ပေါက်လိုက်ရာ

ဘုတ်!!!

အားး

ထိုလူကျောတည့်တည့်ပိုမှန်သွားသောကြောင့် Luhan ပျော်ပြီးအော်ကာ ထခုန်လေသည် ဒါပေမဲ့ ထိုလူအနောက်ကိုပြန်လှည့်လာသောအခါ Luhan မျက်နှာချက်ချင်းမာသွားပြီး ထိုလူကိုပြန်လုပ်ရန်အတွက် လက်သီးနှစ်ဖက်ကိုဆုပ်၍ ရွယ်ထားလိုက်သည် ထိုလူကိုလာ ဆိုသည့်သဘောဖြင့်မေးငေါ့ပြလိုက်ပြီး အရှေ့နည်းနည်းတိုးသွားလိုက်သည် ထိုလူကအရှေ့တိုးလာသာအခါမ Luhan လည်း ဘာလုပ်ရမှန်းမသိဖြစ်ကာ နောက်ထပ်ဖိနပ်တစ်ဖက်ကိုထပ်ချွတ်လိုက်ပြီး ပစ်လိုက်သည်  တကယ်ဆို Luhan မချတတ်သောကြောင့် ရှိသမျှပစ္စည်းတွေနှင့်ကောက်ပစ်နေခြင်းဖြစ်သည် ( အဲ့လိုအတိုက်အခိုက်တော်တာ )

Love does not follow LogicWhere stories live. Discover now