"......သူ......"
မေတ္တာပန်းက အမြဲတမ်းမွှေးနေမယ်လို့ သူထင်ခဲ့တယ်
သူဟာ အမြဲတမ်း ပျော်ရွှင်မှုနဲ့ ချစ်ခြင်းတရားကို ဒွန်တွဲနေမယ်လို့ခံယူထားတယ်
ဒါပေမဲ့ တစ်နေ့တော့
မွှေးနေကြမေတ္တာပန်းဟာ ရနံ့ပြယ်သွားပြီး ရယ်သံတွေကြား မျက်ရည်တွေ အစားထိုးလာခဲ့တယ်
အော်... အဲ့တော့မှ မေတ္တာပန်းဟာ လောကဓံတရားကို မခံနိုင်မှန်းသိခဲ့ရတယ်
ဘယ်တတ်နိုင်မလဲ
သူဟာ နှလုံးသားနဲ့ရင်းကာစိုက်ပျိုးထားမိတဲ့ပန်းလေးမို့ လွယ်လွယ်တော့ ဘယ်အညှိုးခံနိုင်ပါ့မလဲ
ရိုက်ခတ်လာတဲ့မိုးသီးဒဏ်ကြားကနေ မေတ္တာပန်းကို အစွမ်းကုန် ကာကွယ်ထားတော့တယ်
Zaw:
"......သူ......"
ေမတၱာပန္းက အၿမဲတမ္းေမႊးေနမယ္လို႔ သူထင္ခဲ့တယ္
သူဟာ အၿမဲတမ္း ေပ်ာ္႐ႊင္မႈနဲ႔ ခ်စ္ျခင္းတရားကို ဒြန္တြဲေနမယ္လို႔ခံယူထားတယ္
ဒါေပမဲ့ တစ္ေန႔ေတာ့
ေမႊးေနၾကေမတၱာပန္းဟာ ရနံ႔ျပယ္သြားၿပီး ရယ္သံေတြၾကား မ်က္ရည္ေတြ အစားထိုးလာခဲ့တယ္
ေအာ္... အဲ့ေတာ့မွ ေမတၱာပန္းဟာ ေလာကဓံတရားကို မခံႏိုင္မွန္းသိခဲ့ရတယ္
ဘယ္တတ္ႏိုင္မလဲ
သူဟာ ႏွလုံးသားနဲ႔ရင္းကာစိုက္ပ်ိဳးထားမိတဲ့ပန္းေလးမို႔ လြယ္လြယ္ေတာ့ ဘယ္အညိႇဳးခံႏိုင္ပါ့မလဲ
႐ိုက္ခတ္လာတဲ့မိုးသီးဒဏ္ၾကားကေန ေမတၱာပန္းကို အစြမ္းကုန္ ကာကြယ္ထားေတာ့တယ္