Zawgyi....
Part 1
ရန်ကုန်မြို့တစ်နေရာ...
*ဒေါက် ဒေါက်*
" သားငယ်လေး ကြီးကြီးဝင်လာမယ်နော် "
" ဟုတ်ကဲ့ကြီးကြီး "
" ကြီးကြီး ဆိုင်မသွားဘူးလားဒီနေ့ "
" ခနနေရင်သွားရမှာသားရဲ့ ဒေါ်တုတ်ကပြောတယ် သားထမင်းဆင်းမစားသေးဘူးဆို "
" ဟုတ်ကြီးကြီး သားဒီအရုပ်လေးလက်စသတ်နေလို့😁 "
" အော် ကြီးကြီးက သားနေများမကောင်းဘူးလားလို့ထင်နေတာ အဲ့ဒါထားခဲ့လာ ကြီးကြီးနဲ့နေ့လည်စာသွားစားမယ် "
" ဟုတ်ကြီးကြီး "
အင်းးး သားငယ်လေးဆိုတာ ဒေါ်မိုးမခနွယ်ရဲ့ တစ်ဦးတည်းသောတူလေး မောင်လေးကောင်းကင်ယံရဲ့သား တိမ်တိုက်ငယ်။ မောင်လေးနဲ့ချွတ်စွတ်တူတဲ့အပြင် ငယ်ငယ်လေးကတည်း သတိထားမိခဲ့တဲ့ စိတ်ထားလေးတွေရယ် ချစ်စရာအမူအရာလေးတွေကြောင့်အမြဲသည်းသည်းလှုပ်ချစ်ခဲ့ရတာ
ဒါပေမဲ့ ကံတရားက ဖြူစင်တဲ့ကလေးငယ်ရဲ့ဘဝကို ကမောက်ကမဖြစ်အောင်လုပ်ခဲ့တယ်။ သားငယ်လေး အသက် 18 နှစ်ပြည့်မွေးနေ့မှာ တောင်ကြီးက အပန်းဖြေစံအိမ်ကိုအသွား လမ်းမှာကုန်တင်ကားတစ်စီးနဲ့တိုက်မိခဲ့တယ်။ မောင်လေးနဲ့ယောင်းမလည်း အဲ့နေရာမှာတင် ပွဲချင်းပြီးဆုံးသွားကြတယ်။ သားငယ်လေးရဲ့အသက်ကို ကယ်နိုင်ခဲ့ပေမဲ့ accident ကြောင့်မျက်ကြည်လွှာထိခိုက်ခဲ့တယ်။ သားငယ်လေး ဆေးရုံမှာသတိပြန်ရလာတော့ သူ့မိဘနှစ်ပါးလုံးဆုံးရှုံးခဲ့ရတဲ့အပြင် မျက်လုံးပါကွယ်သွားတယ်ဆိုတာသိရတော့ ဆောက်တည်ရာမရဖြစ်ခဲ့တယ်။ ပုံမှန်အခြေအနေပြန်ဖြစ်ဖို့အတွက် ၁နှစ်လောက်ကြိုးစားလိုက်ရတယ်။ သားငယ်က အနုပညာဝါသနာပါတယ်လေ။ အရမ်းလည်းပါရမီရှိတာ။ မျက်လုံးကွယ်သွားလို့သာ ပန်းချီဆွဲလို့မရပေမဲ့ အထိအတွေ့အာရုံနဲ့ ရွံ့စေးရုပ်ကလေးတွေ လုပ်လေ့ရှိတယ်။သားငယ်လေးလုပ်နေတဲ့အရုပ်ကလေးကိုကြည့်မိတော့ အရမ်းအသက်ဝင်တာရယ်။ မိခင်ကကလေးကိုနို့ရည်တိုက်နေတဲ့ပုံလေး။ အင်းးးဘာလိုလိုနဲ့ သားငယ်လေးမွေးနေ့ရောက်တော့မယ် မောင်လေးတို့ရဲ့နှစ်ပတ်လည်ရောပေါ့
YOU ARE READING
Because It Was You(Paused)
Fantasyကိုယ်ငယ့်ကိုမြတ်နိုးတယ် (မင်းမြတ်အာကာ) ငယ့်အတွက်အကိုက မီးအိမ်ရှင် (တိမ်တိုက်ငယ်)