လတ်တလော အရမ်း trend ဖြစ်နေတဲ့
Soloist J-HOPE ရဲ့ 'Blue Side' ဆိုတဲ့ သီချင်းလေးက bluetooth speaker လေးမှာ နေရာယူထားတယ်။
ကောင်မလေးတစ်ယောက်ကတော့ laptop မှာဖွင့်ထားတဲ့ A love to share ဆိုတဲ့ website က personal story လေးတစ်ပုဒ်ကိုကြည့်ပြီး ပြုံးနေလေရဲ့။
အဲ့ story လေးကတော့.................
-♡︎-
A love to share က admin နဲ့ reader nim တို့ annyeong ပါ။ ကျွန်တော်က art college final year တက်နေတဲ့ Jeon Jungkook ပါ။
ဒီ website လေးကိုတွေ့ တော့ ကျွန်တော် မျောက်အုန်းသီးရသလို အရမ်းပျော်မိသွားတယ်။ တစ်ခြားသူတွေက သူတို့ရဲ့ love story လေးတွေ share နေကြတာလေးတွေ တွေ့တော့ ကျွန်တော်လဲ share ချင်မိသွားလို့ပါ။ကျွန်တော့် ကောင်မလေး နာမည်က Cha Eun Seo ပါ။ သိပ်ကို artistic ဆန်ပြီး ထူးခြားတဲ့ ကောင်မလေးပေါ့။ ချစ်သူသက်တမ်းက လေးနှစ်ရှိပြီ။
Love story လေးက လွန်ခဲ့တဲ့ လေးနှစ်က spring ကျွန်တော် အိမ်ပြောင်းတဲ့ အချိန်က စပါတယ်။
ကျွန်တော့်အဖေက အလုပ်ပြောင်းတော့ အရင်အိမ်က အလုပ်နဲ့ အရမ်းဝေးလို့ အိမ်ပါပြောင်းခဲ့တယ်ပေါ့နော်။
ကျွန်တော်က ပတ်ဝန်းကျင်အသစ်ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားနေမိခဲ့တယ်။ ရပ်ကွက်လေးက သန့်ပြီးတော့ ကံကောင်းစွာနဲ့ zero o'clock ဆိုတဲ့ book cafe လေးရှိနေခဲ့တယ်။ ကျွန်တော့်အကြိုက်ပေါ့။
အိမ်က ပစ္စည်းတွေ သယ်ပြောင်း ရှင်းလင်းပြီး အိမ်နီးချင်းတွေကို နှုတ်ဆက်နဲ့ နောက်နှစ်ရက်လောက်နေမှ cafe လေးကိုသွားဖြစ်ခဲ့တယ်။
YOU ARE READING
Zero O'clock☕︎☔︎☁︎
RomanceHm? ဆောကို ဘယ်လိုသိတာလဲ" တွေ့ရတာ ဝမ်းသာပါတယ်။ Jeon jungkook ပါ။