✨ Introduction ✨
275 36 2
Unicode,
လိုက်ကာပါးပါးလေးကို ထိုးဖောက်ပြီးအခန်းထဲကိုဝင်ရောက်လာသော နေရောင်ဖျော့ဖျော့လေးက ကျွန်တော့်မျက်နှာပေါ်ဖြာကျနေတာကြောင့် ‌မျက်ခွံများတဖြည်းဖြည်းလေးကန်စွာပွင့်လာခဲ့သည်။
ခပ်သင်းသင်းညှော်နံ့လေးကြောင့် လေးကန်နေသော ခြေထောက်တစ်စုံကသူမဟုတ်သည့်အလား ‌မီးဖိုချောင်ဘက်သို့ပြေးကာ ချောင်းကြည့်မိသည်။
ထင်သည့်အတိုင်း သူ့အတွက်မနက်စာချက်ပြုတ်နေတဲ့ သူ့ချစ်သူ ကြောင်ပေါက်လေးကြောင့် ရင်ထဲနွေးသွားသလိုခံစားလိုက်ရသည်။
ကြာကြာစဉ်းစားမနေတော့ဘဲ အိုက်မုံ အဲ ယွင်ရှီးလေးရဲ့ လက်ရာကိုမြည်းစမ်းဖို့ မီးဖိုချောင်ဆီတလှမ်းချင်းလျှောက်သွားလိုက်သည်။
"Morning bae"
ကျွန်တော်သူ့ရဲ့ခါးလေးကိုနောက်မှသိုင်းဖက်ကာ နှုတ်ဆက်စကားပြောလိုက်တော့ နောက်ကိုလည်ပြန်လေးပြန်လှည့်လာပြီး Morning kiss ပေးတတ်တဲ့ ကြောင်ပိစိလေး။
"အိုက်ယား ခဏလေးပဲ‌လား အများကြီးပိုလိုချင်သေးတယ် လိုက်ပွဲပေး"
နှုတ်ခမ်းဆူကာပြောလိုက်ပေမဲ့ ကျတော့်ရဲ့ ချစ်လှစွာသောကြောင်လေးက
"မျက်နှာသွားသစ်တော့လေ ညစ်ပတ်လိုက်တာ"
ကြည့်သူပြောပုံကိုက ရိုချင်စရာတစ်စက်မှမရှိ။ ကျွန်တော်တို့နှစ်ယောက်စချစ်ခဲ့ပုံကိုပြောပြရမယ်ဆို ခင်ဗျားတို့ယုံမယ်မထင်ဘူး။
အဟိ အဲ့တုန်းက ယွင်ရှီးက ကျွန်တော်လုပ်သမျှငြိမ်ခံနေရတဲ့ ကြောင်ပေါက်လေး။ အိမ်မှာ‌မွေးထားတဲ့ကြောင်‌လေးကသာ လူဖြစ်လာပြီး ခင်ဗျားတို့ရဲ့ချစ်သူဖြစ်လာတယ်ဆို ယုံပါ့မလား?
မယုံဘူးဆို ကျတော်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြမယ် နားထောင်။
...........
Author Note*
ဒီဇာတ်လမ်းလေးကို Shinn နဲ့ Author Aquar တို့အတူတူပေါင်းရေးထားတာပါ။ နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ နောက်အပိုင်းလေးတွေစောင့်‌မျှော်ပေးကြပါဦး။❣️
💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫
Zawgyi
"Morning bae"
...........
Author Note*
💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫
ʟɪᴛᴛʟᴇ ʙᴀʙʏ ᴄᴀᴛМесто, где живут истории. Откройте их для себя