Part-3

16 1 0
                                    

🌷ကျူးလစ်ရဲ့ခေါ်ဆောင်ရာ

Ep-3

Ravn side*
ကလေးထွက်သွားတာ သုံးရက်မြောက်နေ့
ထွက်သွားတဲ့နေ့ကတည်းက ကျွန်တော် နောင်တရပြီးခံစားနေရပေမယ့် ထွက်သွားတဲ့သူကပြန်လာမှာ မှမဟုတ်တာ……

အဆင်ပြေလားဆိုတော့လည်း တကယ်တမ်းကျတော့ အဆင်ပြေမနေဘူး ရှိတုန်းက ပျော်အောင်ထားဖို့နေနေသာသာ နာကျင်
အောင်လုပ်ခဲ့တဲ့ ကျွန်တော်ကတန်ပြန်ခံစားနေရတယ်လို့ထင်တယ်

ကျွန်တော် အခုခံစားနေရတာ သူသာသိရင် ဝမ်းသာနေမလား
အခု ဆို ကျွန်တော် မကြိုက်တဲ့အရက်တွေတောင် သောက်နေမိပြီ

အချိန်တွေသာနောက်ပြနိလှည့်လို့ရရင် မာနတွေခဝါချကာ
အချစ်ဆုံးသူရဲ့ခြေရင်းမှာ မေတ္တာရေစင်လောင်းပြီး သူဆိုတဲ့
နေရောင်ခြည်နဲ့ကျွန်တော့ အချစ်တွေကို ပျိုးထောင်ချင်မိသား

အခုတော့ စိတ်ကူး သတ်သတ် သုမဒ္ဒရာ မှာရွတ်လွှင့်သလို ပါပဲ
နောက်ဆုံးကျတော့ ချစ်မိတဲ့သူက အရှုံးဆို ကျွန်တော် ရှုံးခဲ့ပါပြီ
သူနဲ့သာဆို အရှုံးဆိုတာ မရှိခဲ့တဲ့ကျွန်တော့ ဘဝမှာ အကြိမ်ကြိမ်
ရှုံနိမ့်နေလည်း ကျေကျေ နပ်နပ် အဲ့အရှုံမှာပျော်မွေ့နေမှာမို့လို့......

နောက်တစ်ကြိမ်လောက်ကိုကို့ ရင်ခွင်ထဲပြန်လာပေးပါလား
ကလေးရယ် ဒီစကားတွေကလေး မကြားနိုင်တော့ ပေမယ့် ကိုကို
ဆုတောင်းနေမိတယ်………

နောက်တစ်ကြိမ်လောက်ပဲ မျက်စိလှည် လမ်းမှားပြီး ကိုကို့ရင်ခွင်ထဲ
ပြန်ဝင်ခဲ့ပါလား ကလေးရယ်
ဒီတစ်ခါဆို ကလေးပြန်ထွက်သွားလို့ မရအောင် နှလုံးသားထဲမှာ
ပိတ်ထားပြီး ကိုကိုဆိုတဲ့လှောင်အိမ်မှာအပြီးချုပ်နှောင်ထားတော့မှာ

ကလေးရဲ့ပျော်ရွှင်ခြင်းဆိုတာ ကိုကို ပဲဖြစ်ချင်သလို
ကလေးရဲ့ပျော်ရွှင်မှုတွေကိုလည်း ကိုကိုပဲ လုပ်ပေးချင်မိတယ်……
     
ဒါတွေထွက်သွားတဲ့ ကလေး မသိနိုင် ပေမယ့်ပေါ့……

အခုချိန်မှာ ကိုကို့ ရဲ့ဖြေသိမ့်ရာက ကလေးပုံရိပ်တွေနဲ့တည်ဆောက်
ထားတဲ့ ကလေးအခန်းလေးထဲမှာ ကလေးကိုယ်သင်းနံလေးရူပြီး
ကလေးဓာတ်ပုံကိုနမ်းရှိုက်ယုံ ကလွဲဘာရှိနိုင်အုံးမှာလဲ……

You've reached the end of published parts.

⏰ Last updated: Jun 25, 2020 ⏰

Add this story to your Library to get notified about new parts!

🌷ကျူးလစ်ရဲ့ခေါ်ဆောင်ရာ Where stories live. Discover now