March လ 1 ရက်နေ့။
ကမ္ဘာရဲ့ ဘယ်နိုင်ငံတွေက ဘယ်လိုရာသီဥတု
ဖြစ်နေမလဲ မသိပေမယ့် ကျွန်တော့်နိုင်ငံမှာ
တော့ ဒီအချိန်ဆို ဆောင်းအကုန် နွေအကူးပဲ။မြက်ပင်ဖျားတွေဟာ နှင်းရေစက်တွေနဲ့တွဲလွဲခို
နေတတ်ပြီး သစ်ရွက်တွေရော်ရင့်ကာ ကြွေကျ
ထားရာကနေ ရွက်နုစိမ်းစိမ်းလေးတွေနဲ့ အဖူး
အငုံတွေ ဝေဆာနေတဲ့အချိန်ပေါ့လေ။ဒီနှစ်ကတော့ ပျက်စီးခြင်းငါးပါးဆိုက်လို့ နွေဦး
ဟာ အကျည်းတန်နေလေရဲ့။ကျွန်တော်တို့ကမ္ဘာက တကယ်ပဲ ပျက်စီးသွား
ခဲ့တယ်။ ရောဂါကပ်ဆိုးတွေ စစ်ပွဲတွေကြောင့်
အစာရေစာ ပြတ်လတ်မှုတွေကနေ တဆင့်
တဖြည်းဖြည်း ညစ်ညမ်းပျက်စီးလာတဲ့ လေထု
နဲ့ ရေထု။ မြေထုက ငလျင်ဒဏ်တွေကြောင့်
အက်ကွဲလာပြီး တိုက်ကြီးတွေ အားလုံးနီးပါး
ပင်လယ်ရေအောက်ကို ကျရောက်ခဲ့ကြတယ်။
အကျိုးဆက်က လေထုပါမသန့်စင်တော့ပဲ လူ
နဲ့ သတ္တဝါတွေ အတိဒုက္ခရောက်ကြရတယ်။သဘာဝတရားကြီး က လူသားတွေကို အပြစ်
ပေးလိုက်တာပါ။ အမိကမ္ဘာဟာ တာဝန်ကျေပါ
တယ်။ ကျွန်တော်တို့က ကျွန်တော်တို့နဲ့ ထိုက်
တန်တာတွေကိုပဲ ပြန်ရခဲ့တာပေါ့။ကျွန်တော်လား..ကျွန်တော်က ၀မ်ရိပေါ်ပါ။
ဒီကမ္ဘာမြေပေါ်ကနေ ထွက်ပြေးခဲ့ရတဲ့လူသား
တွေထဲက တယောက်ပေါ့။ ကျွန်တော်တို့နိုင်ငံ့
ခေါင်းဆောင်က လူတွေ ရှင်သန်နေထိုင်လို့ရ
တဲ့ Galaxyထဲက ဂြိုလ်တလုံးကို ၀ယ်ယူထား
ခဲ့ပြီး ရွေးချယ်ထားပြီးတဲ့ အထက်တန်းလွှာက
လူတွေကိုပဲ နေထိုင်ခွင့်ပြုခဲ့တယ်။ဘာတဲ့..ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့။
အနင်းခံရတဲ့ သတ္တ၀ါတွေဟာ ဒုနဲ့ဒေးပါ။
ကျွန်တော်တို့ တသိုက်ကတော့ တဘို့တည်းပဲ
ကြည့်တဲ့ တကိုယ်ကောင်းသမား လူယုတ်မာ
ကြီးများအဖွဲ့ပေါ့။ အသက်နဲ့ကိုယ် အိုးစားမကွဲ
ချင်သောဆန္ဒတွေကို ငွေကအကူအညီပေးနိုင်
ခဲ့တယ်လေ။ကျွန်တော့်ထိုင်ခုံက ပြတင်းပေါက်ခုံ။
ခါးပတ်ကို မြဲနေအောင် ပတ်လိုက်ပြီး သွေးရူး
သွေးတန်းလျှောက်ပြေးနေသေးတဲ့ လူတချို့ကို
ငုံ့ကြည့်ဖြစ်အောင် ကြည့်လိုက်မိတယ်။