March လ 1 ရက်နေ့။
ကမ်ဘာရဲ့ ဘယ်နိုင်ငံတွေက ဘယ်လိုရာသီဥတု
ဖြစ်နေမလဲ မသိပေမယ့် ကျွန်တော့်နိုင်ငံမှာ
တော့ ဒီအချိန်ဆို ဆောင်းအကုန် နွေအကူးပဲ။မြက်ပင်ဖျားတွေဟာ နှင်းရေစက်တွေနဲ့တွဲလွဲခို
နေတတ်ပြီး သစ်ရွက်တွေရော်ရင့်ကာ ကြွေကျ
ထားရာကနေ ရွက်နုစိမ်းစိမ်းလေးတွေနဲ့ အဖူး
အငုံတွေ ဝေဆာနေတ့ဲအချိန်ပေါ့လေ။ဒီနှစ်ကတော့ ပျက်စီးခြင်းငါးပါးဆိုက်လို့ နွေဦး
ဟာ အကျည်းတန်နေလေရဲ့။ကျွန်တော်တို့ကမ္ဘာက တကယ်ပဲ ပျက်စီးသွား
ခ့ဲတယ်။ ရောဂါကပ်ဆိုးတွေ စစ်ပွဲတွေကြောင့်
အစာရေစာ ပြတ်လတ်မှုတွေကနေ တဆင့်
တဖြည်းဖြည်း ညစ်ညမ်းပျက်စီးလာတ့ဲ လေထု
နဲ့ ရေထု။ မြေထုက ငလျင်ဒဏ်တွေကြောင့်
အက်ကွဲလာပြီး တိုက်ကြီးတွေ အားလုံးနီးပါး
ပင်လယ်ရေအောက်ကို ကျရောက်ခ့ဲကြတယ်။
အကျိူးဆက်က လေထုပါမသန့်စင်တော့ပဲ လူ
နဲ့ သတ္တဝါတွေ အတိဒုက္ခရောက်ကြရတယ်။သဘာ၀တရားကြီး က လူသားတွေကို အပြစ်
ပေးလိုက်တာပါ။ အမိကမ္ဘာဟာ တာ၀န်ကျေပါ
တယ်။ ကျွန်တော်တို့က ကျွန်တော်တို့နဲ့ ထိုက်
တန်တာတွေကိုပဲ ပြန်ရခ့ဲတာပေါ့။ကျွန်တော်လား..ကျွန်တော်က ၀မ်ရိပေါ်ပါ။
ဒီကမ်ဘာမြေပေါ်ကနေ ထွက်ပြေးခ့ဲရတ့ဲလူသား
တွေထဲက တယောက်ပေါ့။ ကျွန်တော်တို့နိုင်ငံ့
ခေါင်းဆောင်က လူတွေ ရှင်သန်နေထိုင်လို့ရ
တ့ဲ Galaxyထဲက ဂြိုလ်တလုံးကို ၀ယ်ယူထား
ခ့ဲပြီး ရွေးချယ်ထားပြီးတ့ဲ အထက်တန်းလွှာက
လူတွေကိုပဲ နေထိုင်ခွင့်ပြုခ့ဲတယ်။ဘာတ့ဲ..ကမ်ဘာမီးလောင် သားကောင်ချနင်းတ့ဲ။
အနင်းခံရတ့ဲ သတ္တဝါတွေဟာ ဒုနဲ့ဒေးပါ။
ကျွန်တော်တို့ တသိုက်ကတော့ တဘို့တည်းပဲ
ကြည့်တ့ဲ တကိုယ်ကောင်းသမား လူယုတ်မာ
ကြီးများအဖွဲ့ပေါ့။ အသက်နဲ့ကိုယ် အိုးစားမကွဲ
ချင်သောဆန္ဒတွေကို ငွေကအကူအညီပေးနိုင်
ခ့ဲတယ်လေ။ကျွန်တော့်ထိုင်ခုံက ပြတင်းပေါက်ခုံ။
ခါးပတ်ကို မြဲနေအောင် ပတ်လိုက်ပြီး သွေးရူး
သွေးတန်းလျှောက်ပြေးနေသေးတ့ဲ လူတချို့ကို
ငုံ့ကြည့်ဖြစ်အောင် ကြည့်လိုက်မိတယ်။