"လက်ထပ်မယ်...ဟုတ်လား။"
သောက်လတ်ဆ စီးကရက်ကို ဘေးချပီး ဇက်က အံသြတကြီး မေးလိုက်သည်။"အင်း...အဲ့လိုပဲဖြစ်သွားတာပေါ့။"
ရဲဒီပါအောင်လည်း အမှန်တိုင်းပြောရရင် ဦးစိုင်းဒီပါအောင် လက်ထပ်မည့် ကိစ္စကို အနည်းငယ်တော့အံသြမိသည်။
"မင်းကမတားဘူးလားကွာ....အဖေပဲ"
ဂျေဇက်ရဲ့စကားအဆုံးမှာ ဒီပါသည် မဲ့ပြုံးတစ်ခုကိုပန်ဆင်၍
ရွှေအိုရောင် ဆံပင်ကို ခပ်ကြမ်းကြမ်းခါလိုက်သည်။"သူကလည်းငါ့ကိုတိုင်ပင်တာမဟုတ်သလို
ငါကလည်းအကြံပြုဖို့အစီအစဉ်မရှိဘူး..ဇက်။"ဂျေဇက်သည် ဒီပါနဲ့ သူ၏ချစ်လှစွာသောဖေဖေအကြောင်းကိုသိသော်ငြားလည်း
မိထွေးဆိုသောဝေါဟာရကြီးနှင့် ဒီပါကိုမပတ်သတ်စေချင်လို။"မင်းDadပုံစံနဲ့ဆို မင်းမိထွေးက မင်းထက်ငယ်မယ်ထင်တယ်..
ဒီပါ"ခနဲတဲ့တဲ့ အပြုံးနဲ့ ထွဋ်ဦးသာက ပြောလိုက်သည်။
ထွဋ်ဦးသာသည် ဒီပါဖေဖေနဲ့ အလုပ်မှာ အမြဲလိုလိုမျက်မှန်းတန်းမိတွေ့မိသည်။
ဦးစိုင်းသည်အသက်၄၀ကျော်ဖြစ်သော်လည်း
စကားပြေပြစ်သလို မိန်းကလေးများရဲ့ typeဖြစ်သည့်
Sugar Daddyပုံစံဖြစ်သည်။
တခါတလေ ဦစိုင်းအနားမှာ အသက်၁၈နှစ်ရွယ် ဖျက်ဖျက်လူးနေသောကောင်မလေးများကို တွေ့ရသလို
တခါတလေမှာတော့ အသက်၂၀အရွယ်နှင့် မမဂိုက်ပုံစံဖန်တီးနေသော မိန်းကလေးများတွေ့ရသည်။
ခက်သည်မှာ ကြာကြာမတွေ့ရ၊ တခါတလေ ၂လ
တခါတလေ ၁လ၊ အချို့ဆို တစ်ပတ်တောင်ပြည့်ဟန်မပေါ်။
ထိုအကြောင်းအရာများသည် ဒီပါနှင့် ဦးစိုင်းတို့ ၁၂နှစ်ကြာမပြေလည်ခြင်းရဲ့ အကြောင်းအရာတစ်ခုဖြစ်ပေလိမ့်မည်။"ဟျောင့် ငထွဋ်..."
ဇက်သည် ထွဋ်အား အံကြိတ်ပြကာ ဒီပါဘက်သို့ မျက်စောင်းထိုးပြသည်။
YOU ARE READING
ချစ်ခြင်းကိုယ်စီ(Z&U)
Fantasy"ကျွန်တော်တို့ တစ်စုံတစ်ယောက်ပေါ်ထားတဲ့ချစ်ခြင်းတွေကိုအလှပဆုံးပုံဖော်ကြည့်ရအောင်" "ကြျန်တော်တို့ တစ်စုံတစ်ယောက်ပေါ်ထားတဲ့ခ်စ်ျခင်းတြေကိုအလွပဆုံးပုံဖော်ကြည့်ရအောင်"