အပုိင္​း၂(unicode)

3 0 0
                                    

"ဒေါ်သက်လျာ အသက်၄၀ သားတစ်ယောက်ရှိ..."

ဇက်သည် သောက်နေဆဲ အအေးဗူးကို စားပွဲခုံ ပေါ်သို့ ဆောင့်ချလိုက်သည်။

"ငါရှင်းလိုက်ရမလား" ဆိုသော စကားများသည် ဇက် ်နားထဲတွင်အထပ်ထပ်။

ဇက် ရှင်းခဲ့ဖူးသော မိန်းကလေးများသည် အသက်၁၈အရွယ် ပျိုပျိုပြစ်ပြစ်လေးသာဖြစ်သည်။

ဦးစိုင်းသည် အသက်၄၀အရွယ် သားတစ်ယောက်ရှိသော မိန်းမ ကိုဘာကြောင့်ရွေးချယ်လဲ ဇက်နားမလည်။

"ဒီပါ   အဟမ်း..ဟို"

ထွဋ်သည် ဇက်၏ခေါင်းကို menuစာအုပ်ဖြင့် ရိုက်လိုက်သည်။

"ငါ စကားဆက်ပြောလိုက်ရမလား ဇက်"

ဇက်သည် စိတ်ပျက်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

"နာမည်က ရှိုင်းဇင်ယော်တဲ့  ဒီပါ  မနှစ်ကမှ ဆယ်တန်းဖြေပီးတာ
သူငယ်တန်းကနေ ဆယ်တန်းအထိ roll -1မှာပဲ
ထူးဆန်းတာက မြို့နယ်ဆင့် တိုင်းဆင့်တွေ အရွေးခံရတိုင်း ဝင်မပြိုင်ဘူးတဲ့  အကြိုက်ဆုံးအစားအစာက..."

"ဟိုး...ဟိုး ဆရာ အောင်မြင်တဲ့CEOဖြစ်တာ မထူးဆန်းတော့ပါဘူးကွာ"

ဒီပါသည် ထွဋ်၏ပုခုံးကို ပုတ်၍ ရီကာမောကာပြောလိုက်သည်။

"အေးလေကွာ မင်းဟာက ခုတ်ရာတခြားရှရာတလွဲ.. "

ဇက်သည် ဒီပါ၏ အပြောကို ထောက်ခံလိုက်သည်။

"ဦးစိုင်းလက်ထပ်မှာ သူ့အမေဆိုပေမဲ့ မင်းကသူ့သား အကြောင်းကိုသိသင့်တယ်ထင်လို့ ဒီပါ..ဒီမှာ ..မင်းရဲ့ မတော်ရသေးတဲ့ညီပုံ.."

ထွဋ်သည် ဇက်နှင့်ဒီပါဆီသို့ ဓါတ်ပုံအချို့ ပစ်ပေးလိုက်သည်။

ရှိုင်းဇင်ယော်
မျက်လုံးပြာပြာကို အုပ်စိုးထားသော မျက်မှန်ဝိုင်းကြီးက စာဂျပိုး ဆိုတာ မပြောဘဲ သိနိုင်သည်။
နီစွတ်စွတ်ပါးပြင်ဟာ ဖောင်းမို့မို့။
မျက်မှန်ဝိုင်းကို တင်ဆောင်ထားသော နှာခေါင်းလေးက ခပ်လုံးလုံး။
နှုတ်ခမ်းများသည် လတ်ဆတ်သော စတော်ဘယ်ရီသီးလေးလို ခပ်ရွှန်းရွှန်း။

ချစ်​ခြင်းကိုယ်​စီ(Z&U)Where stories live. Discover now