Chapter -2( My preety boy without makeup)

197 24 13
                                    

Chapter -2( My preety boy without makeup)

မျှော်လင့်နေသောအချိန်သို့ရောက်ရှိလာပြီမို့ သည်ခေတ်တစ်ယောက် ချိန်းဆိုထားသောနေရာသို့Hotel မှစီစဉ်ပေးသောကားလေးပေါ်အသာတတ်ကာ ထွက်လာလိုက်လေသည်
@
@
@
ဝီရိယရှိသော ကလေးငယ်မှာတော့ ထီးကောက်လေးကိုကိုင်ရင်း သည်ခေတ်လာနေ ဟန်ကိုစောင့်နေဟန်တူပါသည်
ပေါ့ပေါ့ပါးပါးဝတ်စားထားသောကောင်လေးမှာ ဆေးမကူဘဲ လှရက်လွန်းနေသည်သို့သော်  ထီးရှိပါလျက်နေပူထဲတွင် ထီးမဆောင်းဘဲ ရပ်နေသည်မို့ သည်ခေတ်တစ်ယောက်ကားထဲမှ သွက်လက်စွာထွက်လာပြီး မျှော်နေသူရှိရာထံသို့ အပြေး နှင်လေတော့သည်

" ညီ နေရိပ်ထဲစောင့်တာမဟုတ်ဘူးကွာ လက်ထဲမှာထီးကိုင်ထားပြီးထီး မိုးပြီး စောင့်နေပါကောလား ကလေးရာ မင်းအသားဒီလောက်ဖြူ ပြီးနုဖတ်နေတာ ဖျားတာနာတာတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲဟင်. . . . . . . . !!"

ယွန်းသက္ကတစ်ယောက်မှာတော့ သူ့အရှေ့သို့ ရုတ်တရက်ဆိုသလိုရောက်ရှိလာပြီး အစိုးရိမ်လွန်ကာပြောချင်ရာပြောနေသောသည်ခေတ်သော်တာအား ဘာမျှပြန်မပြောနိင်ဘဲ ခေါင်းလေးအသာငုတ်ကာ အသာငြိမ်နေလိုက်လေသည်
တစ်ကယ်ဆိုရင်ဖြင့် ယွန်းသက္ကနိင်မှာ သည်ခေတ်၏  ကရုဏာ ဒေါသဖြင့်ဆူပူခြင်းအား သဘောကျ မိလေသည် မိဘအသိုင်းအဝိုင်းမှာ ပိုက်ဆံရှိသော်လည်း အနေအေးလွန်းသောကြောင့် ယွန်းမှာခင်မင်စရာသူငယ်ချင်းရယ်ဟူ၍မရှိ ဤ သို့ စိတ်ပူပေးကာ ဆူပေးမည့်သူမှာလည်း မိဘ၂ပါးကလွဲ၍လည်းမရှိ မနေ့ညကလည်း ရုတ်တရက် လူတစ်ယောက်ကို သတိမထားမိဘဲတိုက်မိသွားသောကြောင့် ပြန်တောင်းပန်ဖို့ ရာ အနှီလူသား၏ မျက်နှာကိုကြည့်လိုက်မိသောအခါ ဝယ်  ယွန်းလေးစားအားကျ ရသော လူသား ယွန်း၏ Idolလူကြီးများအကြား ပန်းချီဆရာခတ်နေဟုနံမည်ကြီးပြီး လူငယ်များအကြား  Blogger သည်ခေတ်သော်တာဟုနံမည်ကြီးနေသော လူသား
ရုတ်တရက်ဆိုသလို အဘယ်ဘုရားက ပေးကမ်းလိုက်မှန်းမသိသောသတ္တိတို့အဘယ်သို့များ သူ့ထံပါးရောက်ရှိလာမှန်းမသိ လိုက်ဘဲ စကားစပြောမိကာ မထင်မှတ်ဘဲ  ခင်မင်သွားသောကြောင့် လေးစားအားကျရသူ၏ ဧည့်လမ်းညွှန်အဖြစ်ခေတ္တနေရာ ယူလိုက်ကာ အမှတ်တရ တစ်ခု ဖန်တီးရန်တွေးမိလေသောကြောင့် ဤသို့စီစဉ်ခဲ့သော်လည်း ယခုအခါ သူလေးစားအားကျရသောလူသားမှာ သူ့အားစိတ်ပူကာ ကရုဏာဒေါသဖြင့်ဆူပူနေသော သည်ခေတ်အားကြည့်ရင်းမျက်ရည်ကျလေသည်

Love From Singapore Chinatown( completed)Where stories live. Discover now