❤💚" အူဝဲ...အူဝဲ...အူဝဲ "
ပုခတ်ထဲမှ ကလေးငယ်လေးရဲ့ ငိုသံတိတ်သွားရန်
ရှောင်းကျန့်မှာ သူ့ရဲ့ ၆ နှစ်အရွယ် ဦးနှောက်လေးဖြင့်
အကြံထုတ်နေသည်။ ထို့နောက် " ဟုတ်ပြီ " ဆိုကာ
လက်ဖျောက်လေး တီးလိုက်သည်။ အသံကတော့ အရမ်းမကျယ်ပေ။" တိတ်တိတ်နော် ကလေးလေး
မတိတ်ရင် တီးတီးပိုးကောင်ကြီး ကိုက်လိမ့်မယ် "
ဟူ၍ မျက်လုံးလေးပြူးပြီး ပြောလိုက်သောအခါ
ကလေးလေးက အငိုတိတ်သွားခဲ့သည်။ဒီတစ်ခါတော့ မားမား သူ့ငိုရင် ခြောက်တဲ့ တီးတီး ပိုးကောင်ကြီးဟာ အသုံးဝင်လှသည်။
ရှောင်းကျန့် ကလေးလေးရဲ့ ပုခတ်ကို လွှဲပေးပြီး
သီချင်းလေး ဆိုပြီး ချော့နေလိုက်တယ်။ခနကြာသောအခါ ကလေးရဲ့ မား ဈေးမှ ပြန်လာသည်။
ရှောင်းကျန့်လည်း စောနက ကလေးလေး အငိုတိတ်သွားတဲ့ အကြောင်းကို ပြန်ပြောပြနေသည်။" နောက် တိတိလေး ငိုရင် သားကျန့်ပဲ လာချော့တော့နော် "
" ဟုတ် အန်တီ သားအိမ်စာတွေ ပြန်လုပ်လိုက်အုံးမယ်"
" အင်းအင်းသားလေး တိတိကို ကြည့်ပေးတဲ့အတွက် ကျေးဇူးပါနော် "
" ရတယ် အန်တီ "
နောက်ရက်တွေများတွင်လည်း
ရှောင်းကျန့်မှာ ကလေးငိုသံကြားရင်
ဘေးချင်းကပ် ခြံသို့ သွားပြီး အမြဲချော့ ပေးသည်။
ချော့တိုင်းလည်း
" တီးတီး ကိုးကောင်ကြီး ကိုက်လိုက်မယ် မငိုနဲ့နော် "
ဟူ၍ ပဲ ပြောသည်။
ထို ကလေးလေးက လည်း သူ တီးတီး ပိုးကောင်ကြီး
အကြောင်း ပြောလိုက်တာနှင့်တစ်ပြိုင်နက် အငို ချက်ချင်းတိတ်သွားတော့သည်။နောက် ၃ နှစ်ကြာသောအခါ...
ရှောင်းကျန့်ရဲ့ ပါးက တခြားမြို့သို့
တာဝန်ကျပြီး သူတို့လည်း အဲ့မြို့လေးဆီသို့
ပြောင်းသွားကြသည်။ မပြောင်းခင် ခနမှာပဲ
တိတိလေးက ငိုနေတာကြောင့် သွားချော့ရသေးသည်။" တိတိလေးရေ မငိုနဲ့နော် တီးတီးပိုးကောင်ကြီးကိုက်လိုက်မယ်
ချစ်တယ်နော်.. မွ...မွ"
ကလေးရဲ့ ပါးဖောင်းလေးတွေ ကို နမ်းလိုက်ပြီး
ကားပေါ် တက်လိုက်တော့သည်။
YOU ARE READING
ပျောက်ဆုံးနေသော တီးတီးပိုးကောင်ကြီး နှင့် ကောကော ( One short)
FanfictionHappy one year anniversary ❤💚 Zhanyi ပါ✌❤