Zawgyi + Unicode ( Completed)

3.2K 357 18
                                    


❤💚

" အူဝဲ...အူဝဲ...အူဝဲ "
ပုခတ်ထဲမှ ကလေးငယ်လေးရဲ့ ငိုသံတိတ်သွားရန်
ရှောင်းကျန့်မှာ သူ့ရဲ့ ၆ နှစ်အရွယ် ဦးနှောက်လေးဖြင့်
အကြံထုတ်နေသည်။ ထို့နောက် " ဟုတ်ပြီ " ဆိုကာ
လက်ဖျောက်လေး တီးလိုက်သည်။ အသံကတော့ အရမ်းမကျယ်ပေ။

" တိတ်တိတ်နော် ကလေးလေး
မတိတ်ရင် တီးတီးပိုးကောင်ကြီး ကိုက်လိမ့်မယ် "
ဟူ၍ မျက်လုံးလေးပြူးပြီး ပြောလိုက်သောအခါ
ကလေးလေးက အငိုတိတ်သွားခဲ့သည်။

ဒီတစ်ခါတော့ မားမား သူ့ငိုရင် ခြောက်တဲ့ တီးတီး ပိုးကောင်ကြီးဟာ အသုံးဝင်လှသည်။
ရှောင်းကျန့် ကလေးလေးရဲ့ ပုခတ်ကို လွှဲပေးပြီး
သီချင်းလေး ဆိုပြီး ချော့နေလိုက်တယ်။

ခနကြာသောအခါ ကလေးရဲ့ မား ဈေးမှ ပြန်လာသည်။
ရှောင်းကျန့်လည်း စောနက ကလေးလေး အငိုတိတ်သွားတဲ့ အကြောင်းကို ပြန်ပြောပြနေသည်။

" နောက် တိတိလေး ငိုရင် သားကျန့်ပဲ လာချော့တော့နော် "

" ဟုတ် အန်တီ သားအိမ်စာတွေ ပြန်လုပ်လိုက်အုံးမယ်"

" အင်းအင်းသားလေး တိတိကို ကြည့်ပေးတဲ့အတွက် ကျေးဇူးပါနော် "

" ရတယ် အန်တီ "

နောက်ရက်တွေများတွင်လည်း
ရှောင်းကျန့်မှာ ကလေးငိုသံကြားရင်
ဘေးချင်းကပ် ခြံသို့ သွားပြီး အမြဲချော့ ပေးသည်။
ချော့တိုင်းလည်း
" တီးတီး ကိုးကောင်ကြီး ကိုက်လိုက်မယ် မငိုနဲ့နော် "
ဟူ၍ ပဲ ပြောသည်။
ထို ကလေးလေးက လည်း သူ တီးတီး ပိုးကောင်ကြီး
အကြောင်း ပြောလိုက်တာနှင့်တစ်ပြိုင်နက် အငို ချက်ချင်းတိတ်သွားတော့သည်။

နောက် ၃ နှစ်ကြာသောအခါ...
ရှောင်းကျန့်ရဲ့ ပါးက တခြားမြို့သို့
တာဝန်ကျပြီး သူတို့လည်း အဲ့မြို့လေးဆီသို့
ပြောင်းသွားကြသည်။ မပြောင်းခင် ခနမှာပဲ
တိတိလေးက ငိုနေတာကြောင့် သွားချော့ရသေးသည်။

" တိတိလေးရေ မငိုနဲ့နော် တီးတီးပိုးကောင်ကြီးကိုက်လိုက်မယ်
ချစ်တယ်နော်.. မွ...မွ"
ကလေးရဲ့ ပါးဖောင်းလေးတွေ ကို နမ်းလိုက်ပြီး
ကားပေါ် တက်လိုက်တော့သည်။

ပျောက်ဆုံးနေသော တီးတီးပိုးကောင်ကြီး နှင့် ကောကော ( One short) Donde viven las historias. Descúbrelo ahora