အပိုင်း - ၁

38 3 2
                                    

Unicode

ကိုယ့်ကိုမနောက်ပါနဲ့လား

ကျွန်တော် နေ့လည်စာထမင်းစားပြီး ဆေးရုံကိုပြန်ဝင်လာတော့ ကျွန်တော်စောင့်နေကျ ဆေးရုံအခန်းလေးဆီမှ ဆရာဝန်များပြေးလွှားနေကြတာမြင်တော့ ကျွန်တော်စိတ်လှုပ်ရှားသွားပြီး အခန်းထဲရောက်အောင်အမြန်ပြေးသွားတော့ ကျွန်တော်သတိရစေချင်တဲ့သူလေးက ဆေးရုံကုတင်ပေါ်မှာ ဆရာဝန်တွေအလုပ်ရှုပ်နေကြတာကို ကြောင်တောင်တောင်လေးနဲ့ကြည့်လိုက် ဘေးနားက သူ့အမေ သားအဆင်ပြေရဲ့လားမေးနေတာကို ခေါင်းလေးဆောင်းငဲ့ပြီး ကြည့်နေတော့ ကျွန်တော်လည်း အပျော်လွန်ကာ သူ့ဘေးနားသွား သူ့လက်လေးကိုင်ကာ သူ့အားဂုဏ်ပြုစကားလေးပြောမိသည်။

"ကလေး ဂုဏ်ယူပါတယ်။ ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်... သတိရလာပေးလို့ ကိုယ်အရမ်းလွမ်းနေတာ ကလေးကို"

ဒါပေမယ့် ပြန်ရလိုက်တာက တစိမ်းဆန်တဲ့ တစ်ခါမှ မြင်ဖူးခြင်းမရှိတဲ့သူတစ်ယောက်လို သူ့မျက်ဝန်းမှ ကျွန်တော့်အားကြည့်ရင်း သူဟာ မေးခွန်းကိုသာ ပြန်‌မေးလာခဲ့သည်။

"စိတ်မရှိရင် ခင်ဗျားက ဘယ်သူလဲ။ ကျွန်တော် ခင်ဗျားကိုမသိဘူး။ ကျွန်တော်နဲ့ အသိတွေလား"

ကျွန်တော်ဟာ မယုံသင်္ကာဖြင့် တစ်ဖက်ကုတင်ခြမ်းမှ သူ့အမေကိုကြည့်လိုက်တော့လည်း သူမသည်လည်း ဘေးနားက ဆရာဝန်ကို သူ့သားလေးဘာဖြစ်သလဲဟု မေးခွန်ထုတ်နေလေသည်။ ကျွန်တော်သည်လည်း လန့်သွားသဖြင့် ကုတင်ပေါ်မှ သူ့အားကြည့်ပြီး သူ့အမေဘက်အား လက်ညှိုးထိုးကာ မေးလိုက်မိသည်။

"ကလေး သူ့ကိုရော သိလား... မှတ်မိလား..."

သူသည် ကျွန်တော့်အမေးစကားကြားပြီးသည်နှင့် တစ်ဖက်ခြမ်းမှ အမေဖြစ်သူထံ တစ်လှည့် ကြည့်ပြီးမှ ကျွန်တော့်ဆီကို မှုန်ကုတ်ကုတ်ဖြင့် မျက်ခုံးနှစ်ဖက် စုပြီး ပြောလာလေသည်။

"သိသာပေါ့ ကျွန်တော့်ကို မွေးလာတဲ့ အမေကို။ ကျွန်တော့်ကို ဘာလို့ ထူးဆန်းသလိုကြည့်နေကြတာလဲဟင်။ ကျွန်တော် ဘာဖြစ်လို့ ဆေးရုံရောက်နေတာလဲဟင်။ မေမေ ကျွန်တော် တအားနေမကောင်းလို့ဆေးရုံရောက်လာတာလား။ ကျွန်တော့် စာမေးပွဲရလဒ်ကရော ကောင်းလားဟင်။"

If We Love Again {Own Creation}Where stories live. Discover now