Unicode***
"friend zone ဆိုတာ စိတ်ကူးလေးတောင်ယဥ်ခွင့်မရှိဘူးလား ?"
"အင်း ... ဟုတ်တယ် စိတ်ကူးယဥ်ခွင့်မရှိတာမဟုတ်ဘူး
ယဥ်လို့ကို မရဘူး""ငါက Friend zone ထက်ကျော်အောင်လုပ်မယ်ဆိုရင်ကော?"
"ဒါကတော့ ငါလည်းမပြောတက်ပေမဲ့ အချစ်ဆိုတာ မင်းဘက်ကပဲ လုပ်ယူလို့မဖြစ်ဘူးဆိုတာပဲ"
"အားးစ် ..... ဂန်း၀ူ မင်းဆက်ပြောရဲပြောကြည့် ငါလက်သီးနဲ့တွေ့တော့မယ်မင်းမျက်ခွက်တော့"
"မင်းကလည်း ငါပြောတာဘာမှားလို့လဲ အခု မင်းမျက်မြင်ပဲလေ Friendzone ကနေ မကျော်တက်နိုင်လို့ အခုထိ ဘာမှဖြစ်မလာတဲ့ အတွဲတွေ မှအများကြီး"
"အဟက် ငါကအဲ့လို အဖြစ်ခံမယ်ထင်လို့လား"
Smirk တစ်ခုကို နှုတ်ခမ်းမှာ ဖန်တီးရင်းပြောလိုက်တယ်
"ယွန်းဂီ .... "
ခေါ်သံကြားလို့ နောက်လှည့်ကြည့်မိတော့ သူ
မနက်ခင်းတိုင်းလိုလို သူ့ရဲ့အပြုံးတွေကို လိုအပ်နေတဲ့ကျနော်
အချိန်တိုင်းသူ့အနားမှာ အမြဲရှိချင်တဲ့ကျနော်
အခုလဲ ကျနော့်ရဲ့ တစ်နေ့တာ ပြည့်စုံဖို့တွက်သူနဲ့ တွေ့ဖို့ လိုအပ်တယ်မဟုတ်လား ။
ဟက် အဲ့လောက်ထိကျနော် ပျော့ညံ့နေပီလား ။
ဒါပေမဲ့ ကျနော်တို့ ကြားမှာတားဆီးနေတဲ့ အရာ
သူ့ဘက်က သူငယ်ချင်း သံယောဇဥ် ...."စောင့်နေရတာ ကြာသွားလားဟင် ယွန်းဂီနဲ့ ဂန်း၀ူ
ဟီးဟီး ဆောတီး ငါမနက်က အိပ်ယာထနောက်ကျလို့"ကျောင်းကန်တင်းက မုန့်ဆိုင်တစ်ခုမှာ ထိုင်နေတဲ့ ကျနော်တို့ဆီကိုအမောတကောနဲ့ ၀င်လာတဲ့သူ
အခုလည်းကျနော် သိပ်မြတ်နိုးတဲ့ eye smile လေးနဲ့ ပြုံးပြနေပြန်ပီ
လုံလောက်ပါပီ ဒီနေ့တွက်ကျနော့်တစ်နေ့တာက လှပပီး ပြည့်စုံနေတော့မယ်ဆိုတာ ကျနော်သိနေတယ် ။
ချစ်တယ် ကောင်လေးရယ် မင်းရဲ့ အရာအားလုံးကိုမြတ်နိုးတယ် ။
YOU ARE READING
|| Just Friend || [ Zawgyi + Uni ]
Short Story𝙔𝙚𝙡𝙡𝙤𝙬 𝙗𝙪𝙗𝙗𝙡𝙚 × 𝘽𝙡𝙪𝙚 𝙢𝙤𝙡𝙙 Short Story