LIV-အဆုံး သို့ အစ

2.1K 92 3
                                    

တိတ်ဆိတ်ငြိမ်သက်နေတဲ့ညသန်းခေါင်ယံအချိန်!
အလင်းရောင်မှိန်ပျပျသာရှိတဲ့ဂိုဒေါင်ငယ်တစ်ခုအတွင်းမှာ ဖြစ်ပေါ်နေတဲ့ရုန်းရင်းဆန်ခတ်မှု!!
မထိရက်မကိုင်ရက်လောက်အောင်ကိုဖြူဖွေးပီးလှပလွန်းတဲ့ကောင်ငယ်လေးကိုပွေ့ဖက်ထားတဲ့အသားညိုညို၊အရပ်မြင့်မြင့်နဲ့ကောင်လေးတစ်ယောက်!!
နှစ်ဦးစလုံးမှာဒဏ်ရာများဖြင့်ပြည့်နေသော်လည်းမျက်ဝန်းတို့မှာမူပြုံးရယ်လျက်!!ပါးပေါ်မှမျက်ရည်စများလည်းအပြိုင်ကျဆင်းနေကြသည်။တစ်ဦးနှင့်တစ်ဦးတင်းကြပ်စွာပွေ့ဖက်ထားသောထိုလူသားနှစ်ယောက်သည်အချစ်ဆုံးချစ်သူနှစ်ဦးပင်ဖြစ်သည်။
ထိုချစ်သူနှစ်ဦးအားမကျေနပ်ခြင်းများစွာဖြင့်ကြည့်နေသောလူငယ်လေးတစ်ဦး!!
မျက်ရည်စများကပ်ညှိနေသည့်တိုင်မျက်ဝန်းတို့မှာသားရဲကောင်တစ်ဦးကဲ့သို့စူးရှနေသေးသည်။

~ ဟက် ~

နှုတ်ခမ်းတွင်မဲ့ပြုံးတစ်ခုကိုချိတ်ဆွဲကာထိုလူသားငယ်သည်ခပ်ဖွဖွရယ်မောလေသည်။

~ မင်းတို့အရမ်းချစ်ကြတယ်မလား?? ~

ရယ်မောရင်းပြောနေသောစကားသံတွင်နာကျဉ်းမှုတို့ကအပြည့်!!

~ အတူသေလိုက်ကြပေါ့ ~

မောင်းတင်ပီးသားသေနတ်တစ်လက်ဖြင့်ထိုချစ်သူနှစ်ဦးအားမျက်တောင်တစ်ချက်ပင်မခတ်၊ပစ်သတ်လိုက်လေသည်။ထပ်ဆင့်ထွက်ပေါ်သွားသောသေနတ်သံနှစ်ချက်နောက်တွင်လှုပ်ခတ်ခြင်းမရှိတော့သောခန္ဓာကိုယ်နှစ်ခု!!တိတ်ဆိတ်သွားသောအသက်ရှုသံ!!

~ နောက်ဆုံးအချိန်ထိ မင်းသူ့ကိုလက်မလွှတ်ခဲ့ဘူးပဲ ~

တစ်ဦးကိုတစ်ဦးတင်းကြပ်စွာပွေ့ဖက်ထားသောချစ်သူနှစ်ဦး၏အသက်မဲ့နေသောခန္ဓာကိုယ်အားကြည့်ကာထိုလူငယ်ဟာခပ်တိုးတိုးရေရွတ်လေတယ်။
ခါးအထက်နားတွင်တန်းလန်းဖြစ်နေသောဓားအားဆွဲထုတ်ခြင်းမပြု၊အသာကိုင်၍ပင်အရူးတစ်ယောက်လိုရယ်မောနေမိသည်။
အချိန်အတော်ကြာသည်အထိပေါ့!!
ထို့နောက်ဓားငယ်အားအထဲထိဝင်အောင်ဆွဲသွင်းလိုက်သည့်လူငယ်!!
ပါးစပ်မှသွေးများအဆက်မပြတ်ကျဆင်းလာသည့်တိုင်ထိုလူငယ်သည်အရယ်မရပ်ခဲ့ပါ!!
ချစ်သူကိုယ်တိုင်ထိုးခဲ့သည့်ဓားနှင့်သေဆုံးရသည်မှာဤမျှအထိပျော်ဖို့ကောင်းသည်လား!!
အသေအချာပင်သူမသိပါ!!
မှန်ပါသည်။သူကိုယ်တိုင်ပစ်သတ်ခဲ့သောချစ်သူနှစ်ဦး!!တစ်ဦးကသူ့အသက်ထက်ပိုချစ်ပီးသူ့ဘဝလို့ခံယူထားတဲ့လူ!!
နောက်တစ်ဦးကတော့သူအမုန်းဆုံးလူ!!
* နောက်ဘဝဆိုတာရှိရင်တော့ ကိုယ်မင်းကိုပိုင်ဆိုင်ခွင့်ရှိမယ်မလား?? *
မျက်ဝန်းတို့အမှောင်အတိမကျခင်၊နောက်ဆုံးထွက်သက်မရောက်ခင်မှာသူတောင်းခဲ့မိတဲ့ဆုတောင်းတစ်ခု!!
အမေးသဘောသက်ရောက်ပေမယ့်သူပြည့်စေချင်တဲ့တစ်ခုတည်းသောဆုတောင်းလေးပေါ့!!

LIV[Z+U]Where stories live. Discover now