LIV-3

520 72 12
                                    

~ နေမကောင်းဘူးလား....သားငယ် ~

ထမင်းစားပွဲမှာထိုင်ထိုင်ချင်း‌ေမးလာတဲ့တီနွယ့်အ‌ေမးကိုစိုင်းခွန်ခေါင်းရမ်းပြီးသာတုံ့ပြန်လိုက်သည်။

~ ကိုယ်လည်းမပူပါဘူး!နေကောင်းကာစမလို့ထင်တယ်....များများစားနော်.... ~

~ ဟုတ်ကဲ့....တီနွယ် ~

နဖူးပေါ်သို့လက်တင်ကာအဖျားစမ်းပြီး‌ေနာက်
မုန့်ဟင်းခါးပန်းကန်ကိုထိုးပေးလာသည်မလို့လှမ်းယူကာပြန်ဖြေလိုက်သည်။
စိုင်းခွန်မျက်နှာဖျော့နေ၍ထင်သည်၊တီနွယ်က
တော့စားနေရင်းခဏခဏသူ့ကိုကြည့်‌ေန‌ေလသည်။တစ်ကယ်တော့သူနေမကောင်း၍မဟုတ်၊Points 30အနှုတ်ခံလိုက်ရ‌ေသာ‌ကြောင့်ထိုကဲ့သို့
ဖြစ်နေခြင်းပင်။
"အမျိုးယုတ်System 17!!"စိုင်းခွန်စိတ်ထဲကနေ
ကျိန်ဆဲလိုက်မိသည်။

" Mission-1!!နာရီဝက်အတွင်းဆောင်ရွက်ရ
မည်!! "

~ အဟွတ်...ဟွတ်.... ~

ရုတ်တရပ်မျက်စိ‌ေ့ရှတည့်တည့်တွင်‌ေပါ်လာ‌ေသာစာတန်းများ‌ေကြာင့်စိုင်းခွန်တစ်ယောက်
စားလက်စမုန့်ဟင်းခါးပင်သီးသွားရ‌သည်။

~ အယ်,သားငယ်....ရရဲ့လား?!...ရော့...‌
ရေ‌သောကျလိုကျဦး ~

တီနွယ်ကမ်းပေး‌ေသာ‌ေရခွက်ကိုယူ‌ေသာက်ပီး‌ေနာက်စိုင်းခွန်တစ်‌ေယာက်အသက်ကိုဝဝ အရင်ရှူလိုက်ရသည်။

" ခွေးတောင်အစာစားနေရင်မနှောင့်ယှက်ကောင်း
ဘူးကွ!!ငါအစာနင်ပြီးဂန့်သွားရင်မင်းကတာဝန်ယူ
ပေးမှာလား?! "

စိုင်းခွန်မုန့်ဟင်းခါးပန်းကန်အားမွှေရင်း
Systemအားစိတ်ထဲမှ‌ေပြာလိုက်ခြင်းပင်။

" အဲ့လိုကိစ္စမျိုးမရှိရအောင်ကျွန်တော်တို့က
သေချာစီစဉ်ထား ပီးသားပါ,ခင်ဗျ!အခုကလည်း
Hostအစာစားတာကိုတမင်နှောက်ယှက်တာ
မဟုတ်ပါဘူး!စောနကရေချိုးခန်းထဲမှာ
Hostသာအချိန်အကြာကြီးရေချိုးမနေခဲ့ဘူးဆို
ရင်ထမင်းစားပြီးချိန်နဲ့အချိန်ကိုက်ဖြစ်နေမှာပါ "

" တော်ပြီ!!လိုရင်းကိုပြောတော့....Mission-1က
ဘာလဲ?!! "

စိုင်းခွန်ကအရစ်ရှည်နေသောSystem 17၏
စကားကိုဖြတ်ကာမေးလိုက်သည်။

LIV[Z+U]Where stories live. Discover now