MLWH EP(1)

202 24 4
                                    

Zawgyi

တီ တီ တီ တီ တီ
Beom Gyuအိပ်​နေရာမှကားသံကြား၍နိုးလာခဲ့သည်
"အာ သူပြန်လာပြီပဲ''
Beom Gyuအိပ်ယာမှအမြန်ထကာYeon Junကိုသွားကြို​ရ​လေသည်
ဘာ​ကြောင့်ဆို​သော်Yeon Junကသူပြန်လာလျှင်ဘယ်ချိန်ဖြစ်ဖြစ်ထကြိုရမည်ဟု​ပြောထား​သော​ကြောင့်ပင်
"ဘာလို့ဒီ​လောက်​ကြာ​နေတာလဲ''
"​တောင်းပန်ပါတယ် ငါအိပ်​ပျော်သွားလို့ပါ''
"မင်းကိုငါဘာမှာထားလဲ
"ငါပြန်လာရင်ဘယ်ချိန်ဖြစ်ဖြစ်ထကြိုရမယ်လို့​ပြောထားတယ်​လေ''Yeon Junသည်​ပြောရင်းနဲ့​ဒေါသသံပါလာသည်
"​တောင်းပန်ပါတယ် ​နောက် ​နောက်မဖြစ်​စေရပါဘူး''​ပြောရင်းနှင့်Beom Gyuသည်မျက်​ရည်​တွေကျလာ​လေသည်
"ကျစ် အဲ့တာ​တွေမကြိုက်တာ မျက်ရည်ကဘာကိစ္စကျလာတာလဲ ငါမျက်ရည်​တွေမမြင်ချင်ဘူးလို့ဘယ်နှခါ​ပြောရမလဲ''
Beom Gyuသည်Yeon Junစကား​ကြောင့်မျက်ရည်​တွေကပျာကယာသုတ်လိုက်ပြီး
"အင်းပါ ငါ​နောက်ထပ်မဖြစ်​စေရဘူး စိတ်ချ''
Yeon Junလည်းဘာမှပြန်မ​ပြော​တော့ပဲအ​ပေါ်သာတတ်လာ​တော့သည်

*မင်းမသိပါဘူးကွာ ငါမင်းမျက်ရည်​တွေမြင်ရင်ရင်ထဲဘယ်​လောက်​တောင်နာကျင်ရလည်းဆိုတာ အဲ့တာ​ကြောင့်မင်းမငိုပါနဲ့ ငါဒီအထိ​ရောက်လာပြီးမှမင်း​ကြောင့်အရာအားလုံးကိုလက်မလွှတ်နိုင်ဘူး မင်းကငါ့ရဲ့အမုန်းဆုံးရန်သူအချစ်ဆုံးလူသားပဲ*

ထိုညက​ကောင်​လေးတစ်​ယောက်ရဲ့​ခေါင်းအုံးမှာမျက်ရည်​တွေစိုရွဲ​နေသလို​ ​နောက်​ကောင်​လေးတစ်​ယောက်ရဲ့လက်မှာလည်း​သွေးစ​​လေး​တွေရှိ​နေခဲ့တယ်~~~~~

~~~~~Mixing Love With Hate~~~~~

"Yeon Jun Yaaa''
"အင်း ဘာလဲ''
"မင်းကြီးရင်ဘာဖြစ်ချင်လဲ''
"မင်း​ယောကျာ်း''Yeon Junအ​ဖြေ​ကြောင့်10နှစ်သား​လေးBeom Gyuပါးပြင်​လေးသည်နီရဲလာပြီးစ​တော်ဘယ်ရီသီး​လေးနဲ့ပင်တူ​နေ​လေသည်
"Yarrr ဘာ​တွေ​ပြော​နေတာလဲ ငါအ​ကောင်း​မေး​နေတာ''
"ငါလည်းအ​ကောင်း​ဖြေ​နေတာပဲကို''
"​တော်ပြီကွာ မင်းနဲ့စကားမ​ပြော​တော့ဘူး''
"အင်းပါ မ​ပြော​တော့ဘူး တကယ်​ဖြစ်ချင်တာပဲ​ပြော​တော့မယ် ငါကြီးရင်ဆရာဝန်ကြီးဖြစ်ချင်တာ ဒါ​ပေမယ့်ငါ့ရဲ့​​ရောဂါ​ကြောင့်မဖြစ်နိုင်ဘူး​လေကွာ မင်း​ရော''
"ငါအရင်ကပန်းချီပညာရှင်ဖြစ်ချင်တာ အခု​တော့စိတ်ကူး​ပြောင်းသွားပြီ''
"​ဘာဖြစ်ချင်တာလဲပြောပြ''
"​နောက်​တော့သိရမှာ​ပေါ့ကွာ''ထို​နေ့ကBeom Gyuမျက်နှာမှာYeon Junတစ်ခါမှမမြင်ဖူးခဲ့တဲ့​လေးနက်မှု​တွေ​တွေ့ခဲ့ရသည်

You've reached the end of published parts.

⏰ Last updated: Jul 02, 2020 ⏰

Add this story to your Library to get notified about new parts!

Mixing Love With HateWhere stories live. Discover now