Zawgyi
တီ တီ တီ တီ တီ
Beom Gyuအိပ်နေရာမှကားသံကြား၍နိုးလာခဲ့သည်
"အာ သူပြန်လာပြီပဲ''
Beom Gyuအိပ်ယာမှအမြန်ထကာYeon Junကိုသွားကြိုရလေသည်
ဘာကြောင့်ဆိုသော်Yeon Junကသူပြန်လာလျှင်ဘယ်ချိန်ဖြစ်ဖြစ်ထကြိုရမည်ဟုပြောထားသောကြောင့်ပင်
"ဘာလို့ဒီလောက်ကြာနေတာလဲ''
"တောင်းပန်ပါတယ် ငါအိပ်ပျော်သွားလို့ပါ''
"မင်းကိုငါဘာမှာထားလဲ
"ငါပြန်လာရင်ဘယ်ချိန်ဖြစ်ဖြစ်ထကြိုရမယ်လို့ပြောထားတယ်လေ''Yeon Junသည်ပြောရင်းနဲ့ဒေါသသံပါလာသည်
"တောင်းပန်ပါတယ် နောက် နောက်မဖြစ်စေရပါဘူး''ပြောရင်းနှင့်Beom Gyuသည်မျက်ရည်တွေကျလာလေသည်
"ကျစ် အဲ့တာတွေမကြိုက်တာ မျက်ရည်ကဘာကိစ္စကျလာတာလဲ ငါမျက်ရည်တွေမမြင်ချင်ဘူးလို့ဘယ်နှခါပြောရမလဲ''
Beom Gyuသည်Yeon Junစကားကြောင့်မျက်ရည်တွေကပျာကယာသုတ်လိုက်ပြီး
"အင်းပါ ငါနောက်ထပ်မဖြစ်စေရဘူး စိတ်ချ''
Yeon Junလည်းဘာမှပြန်မပြောတော့ပဲအပေါ်သာတတ်လာတော့သည်*မင်းမသိပါဘူးကွာ ငါမင်းမျက်ရည်တွေမြင်ရင်ရင်ထဲဘယ်လောက်တောင်နာကျင်ရလည်းဆိုတာ အဲ့တာကြောင့်မင်းမငိုပါနဲ့ ငါဒီအထိရောက်လာပြီးမှမင်းကြောင့်အရာအားလုံးကိုလက်မလွှတ်နိုင်ဘူး မင်းကငါ့ရဲ့အမုန်းဆုံးရန်သူအချစ်ဆုံးလူသားပဲ*
ထိုညကကောင်လေးတစ်ယောက်ရဲ့ခေါင်းအုံးမှာမျက်ရည်တွေစိုရွဲနေသလို နောက်ကောင်လေးတစ်ယောက်ရဲ့လက်မှာလည်းသွေးစလေးတွေရှိနေခဲ့တယ်~~~~~
~~~~~Mixing Love With Hate~~~~~
"Yeon Jun Yaaa''
"အင်း ဘာလဲ''
"မင်းကြီးရင်ဘာဖြစ်ချင်လဲ''
"မင်းယောကျာ်း''Yeon Junအဖြေကြောင့်10နှစ်သားလေးBeom Gyuပါးပြင်လေးသည်နီရဲလာပြီးစတော်ဘယ်ရီသီးလေးနဲ့ပင်တူနေလေသည်
"Yarrr ဘာတွေပြောနေတာလဲ ငါအကောင်းမေးနေတာ''
"ငါလည်းအကောင်းဖြေနေတာပဲကို''
"တော်ပြီကွာ မင်းနဲ့စကားမပြောတော့ဘူး''
"အင်းပါ မပြောတော့ဘူး တကယ်ဖြစ်ချင်တာပဲပြောတော့မယ် ငါကြီးရင်ဆရာဝန်ကြီးဖြစ်ချင်တာ ဒါပေမယ့်ငါ့ရဲ့ရောဂါကြောင့်မဖြစ်နိုင်ဘူးလေကွာ မင်းရော''
"ငါအရင်ကပန်းချီပညာရှင်ဖြစ်ချင်တာ အခုတော့စိတ်ကူးပြောင်းသွားပြီ''
"ဘာဖြစ်ချင်တာလဲပြောပြ''
"နောက်တော့သိရမှာပေါ့ကွာ''ထိုနေ့ကBeom Gyuမျက်နှာမှာYeon Junတစ်ခါမှမမြင်ဖူးခဲ့တဲ့လေးနက်မှုတွေတွေ့ခဲ့ရသည်
![](https://img.wattpad.com/cover/231530995-288-k649343.jpg)
YOU ARE READING
Mixing Love With Hate
FanfictionZawgyi ''ချစ်လားလို့မမေးပါနဲ့ ငါ့မှာအဖြေမရှိတာမို့ ချစ်တယ်လို့လည်းမပြောပါနဲ့ မင်းငါ့ကိုချစ်တယ်ပြောလိုက်တိုင်းအရာအားလုံးကိုလက်လျှော့ချင်လာပြီးမင်းဆီကိုငါ့ရဲ့စိတ်ကယိမ်းယိုင်လာတာမလို့'' Choi Yeon Jun "ငါ့ကိုချစ်မလာနိုင်မှန်းသိပါတယ် ဒါပေမယ့်ငါဟာအရ...