Chapter 2

1.5K 183 38
                                    

Zawgyi

ဒီနေ့ အချိန်ပိုင်း အလုပ်သမားလေးမလာ၍ Seokjin တစ်ယောက်ထဲအလုပ်ရှုပ်နေပြီး နေ့ခင်းပိုင်းလူကျဲသွားချိန်တွင် ဆိုင်ထဲသို့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းကာ အင်္ကျီပေါ်မှာလည်း သွေးစက်အချို့နှင့် လူတစ်ယောက်ဝင်လာတာကြောင့် Seokjin ပြေးဘဲပုန်းရမလိုလို ရဲကိုဘဲဖုန်းဆက်ရမလိုလို ဖြစ်နေစဉ်

" ဒီမှာ.. ကျတော့်ကို Ice Americano တစ်.. "

Seokjin: J..Jungkook!?

မျက်မှောင်ကြုံ့ကာ သူ့ကိုကြည့်လာသော သူကြောင့် Seokjin ပိုသေချာသွားရသည်

Seokjin: Jungkook ကိုး.. ကြည့်ပါဦး ဘာဖြစ်လာပြန်လာလဲ သွေးတွေရော... မဖြစ်သေးပါဘူး ဒီမှာလာထိုင်

Jungkook တုံ့ပြန်ချိန်ပင်မရလိုက် သူ့ရဲ့လက်ကိုဆွဲကာ အနားမှာရှိတဲ့ စားပွဲဝိုင်းလေးဆီသို့ခေါ်သွားကာ ခုံပေါ်မှာ ထိုင်ခိုင်းထားလိုက်ပြီး

Seokjin: ဒီမှာ ခဏစောင့်နေ ဘယ်မှထွက်ပြေးဖို့ မကြံနဲ့နော်

Seokjin ထိုသို့ပြောကာ Jungkook ရှိရာ လှည့်ကြည့် လှည့်ကြည့်ဖြင့် လိမ်းဆေးအချို့ကိုသွားယူနေစဉ် နောက်ထပ်တစ်ကြိမ် ပြန်ကြည့်မိတော့ ဆိုင်ထဲတွင် ဘယ်သူမှရှိမနေတော့..

Seokjin: ထွက်ပြေးပြန်ပြီ အမြဲတမ်း ဖမ်းလို့ကိုမမိဘူး ဖမ်းလို့မမိဘူး

Seokjin Jungkook ထိုင်ခဲ့တဲ့ခုံပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြီး တစ်ယောက်တည်း စကားတွေပြောနေသည်ကို Jungkook တစ်ဖက်လမ်းကနေ လှမ်းကြည့်နေပြီး ဆူထွက်လာတဲ့ နှုတ်ခမ်းလေးနှင့်အတူ မကျေနပ်စွာ စားပွဲကိုထုလိုက် ခြေဆောင့်လိုက်လုပ်နေပုံကြောင့် ရယ်နေမိသည်

Jungkook: ကိုယ်ကဘယ်လိုလူစားမျိုးလဲဆိုတာ သိသွားတဲ့အချိန်ကျမှ ပစ်ချခံရမှာကိုမလိုချင်လို့ အခုကတည်းက အဝေးကနေဘဲသဘောကျနေပါ့မယ်

Seokjin: နောက်တစ်ခါတွေ့ရင် သေချာပေါက် ဖမ်းထားရမယ် ဖုန်းနံပါတ်လေးတောင် မမေးလိုက်ရဘူး အား...စိတ်တိုလိုက်တာ သရဲလား ခဏလေးမကြည့်မိတာကို ပျောက်သွားလိုက်တာ..

You've reached the end of published parts.

⏰ Last updated: Jul 19, 2020 ⏰

Add this story to your Library to get notified about new parts!

Jamais Vu #KĵWhere stories live. Discover now