1

6.5K 280 1
                                    

[Unicode]အထက်တန်းကျောင်း , ၁၈နှစ်......

ရှင်းရှင်း : ဟီးဟီး ငါ ယူရှင်းရှင်း နဲ့ ချန်းယန် တို့ရဲ့ပုံ
လေးထွင်းပြီးသွားပြီ ဒါက အနုပညာလက်ရာလေးပဲ

ချန်းယန် : ယူရှင်းရှင်း မင်းဘာလုပ်နေတယ်ထင်လဲ?

ရှင်းရှင်း : အို..အာ....ဘာမှမလုပ်ပါဘူး..

ချန်းယန် : ယူရှင်းရှင်း အဲ့ wutongပင်တွေက ထိန်း
သိမ်းထားတဲ့အပင်တွေဆိုတာ မင်းမသိဘူးလား??

ရှင်းရှင်း : ချန်းယန်..အာ..ငါ...ငါနင့်ကိုကြိုက်တယ်
ငါတို့....ငါတို့..ဒိတ်လုပ်လို့ရလား?..

ချန်းယန် : Sorry မdateနိုင်ဘူး

Sorry မဒိတ်နိုင်ဘူး ......Sorry ဒိတ်မလုပ်ဘူး....

ယူရှင်းရှင်း အသဲကွဲပါပြီ ချန်းယန် သူမကိုငြင်းလိုက်ပြီ

.........................................................................

အနာဂတ် (၇နှစ်ကြာပြီးနောက်)

(ဖုန်းမြည်သံ...သူမအိပ်နေရာကနိုးလာ)

ရှင်းရှင်း : ဟယ်လို

သူငယ်ချင်း : ရှင်းရှင်း ဒီနေ့လုလုမွေးနေ့လေ
အဲ့တာဒီညအပြင်သွားပြီးကျင်းပရအောင်

ရှင်းရှင်း : (ညည်းညူ) အပြင်ထွက်ဖို့အကြောင်းလာမပြောနဲ့ ငါ့အမေက ငါ့ကိုသတ်မှတ်ချိန်အတွင်းအပြင်မထွက်ရအမိန့်ထုတ်ထားတယ် ည၁၀နာရီ ငါအိမ်မှာမရှိရင် သူငါ့ကိုသေအောင်ရိုက်လိမ့်မယ်

သူငယ်ချင်း : သူ့ကိုစိတ်ဆိုးအောင်နင်ဘာလုပ်ထားတာလဲ?

ရှင်းရှင်း : ငါမသိဘူး....သူ့ကိုဘာလို့စိတ်ဆိုးအောင်လုပ်မှာလဲ? သူသာငါ့ကိုဘလိုင်းဒိတ်သွားခိုင်းတာတွေ
ရပ်ပေးရင်ငါအရမ်းပျော်မှာပဲ

သူငယ်ချင်း : အိုကေ....ဒါဆိုဒီညမလာတော့ဘူးပေါ့?

ရှင်းရှင်း : အိုက်ယား.. ငါမသွားတော့ဘူး လုလုကို
Happy birthdayလို့ပြောပေးဦး လက်ဆောင်က
နောက်မှပေးလိုက်မယ် ငါ့အမေကဒီည ညစာစားဖို့
အိမ်ပြန်လာလို့အမိန့်ပေးထားတယ်

ယူရှင်းရှင်းက ၂၅နှစ်ရှိပြီး ဘွဲ့ရပြီးအလုပ်လုပ်နေတာ
၂နှစ်ရှိပြီ သူ့ကိုဘလိုင်းဒိတ်လုပ်ဖို့ တွန်းအားပေးခံရတာဆယ်ကြိမ်ထက်မနည်းရှိနေပြီ ဘာလို့လဲဆို
သူမရဲ့မိသားစုဝင်တွေဖြစ်တဲ့ သူမအဖေ သူမအမေ သူမအကိုနဲ့ သူမရဲ့ယောက်မတွေက တီဗီကလာတဲ့
အောင်သွယ်တော်အစီအစဉ် အဆိပ်သင့်နေတာလေ
ဒါကြောင့် သူမကိုအစမ်းသပ်ခံလုပ်ဖို့ သူတို့ဆုံးဖြတ်ခဲ့တယ် သူမ မငယ်တော့ဘူးလား?

နှလုံးသား​လေးကို ဖမ်းမိပြီ(ဘာသာပြန်){Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ