Ep-11

817 77 6
                                    

No Caption
.
Ep-11
.
.
.
.
"အပြံုးဆိုတာချိုသာတယ်ကွာ....
ဒါပေမဲ့မင်းနားလည်ဖို့ကအပြုံးတိုင်းတော့မဟုတ်ဘူး"
----------------------------------------------------------
ညအမှောင်မီးယောင်ပြပြလေးအောက်မှာ
ထိုင်နေတဲ့ကောင်လေးငယ်လေးတစ်ဦး

မီးအလင်းယောင်ကမှိန်ပြပြပေမဲ့မင်းရဲ့
အသားအရေလေးကမီးရောင်ထက်ပိုလင်းတယ်
ဟုတွေးကာပြုံးနေမိသည်

ထိုကောင်လေးကမီးတုတ်လေးတွေထွန်းထားတဲ့
တံတားငယ်လေးပေါ်ကာထိုင်ကာအောက်သို့
ခြေများစင်းထားလျက်

ကျွန်တော်လဲသူ့ဘေးဝင်ထိုင်လိုက်ပြီး

Tay-ဘာလုပ်နေတာလဲမိုးချုပ်နေပြီလေ

New-ဒီနားလေးကအေးလို့

Tay-မင်းပြောတာလဲဟုတ်သားပဲ...

New-အင်း

Tay-မင်းငါ့ကိုလက်ထပ်ရမှာစိတ်ထဲမှာဘာမှမဖြစ်ဘူးလား

New-ဘာမှမဖြစ်ဘူးကိစ္စတွေသာပြီးသွားရင်
အရင်နေရာပြန်ရောက်သွားမှာပဲ..ဒါတွေကိုပူနေစရာမလိုဘူး

"မင်းသွေးအေးလိုက်တာ..."

Tay-အင်းလေ...အကုန်လုံးကိုမေ့သွားရမှာပဲ

New-ဘာလဲစိတ်ညစ်သွားတာလား...

Tay-မ...မဟုတ်ပါဘူး ...

New-အဟက်...နောက်တာပါဒီကိုရောက်နေတုန်း
ကျွန်တော်တို့အားလုံးတယောက်နဲ့တယောက်ကူညီရမှာပဲ...အဓိကကKhun Neoပါသူ့ကို
အရင်ရှာရမှာ....

Tay-မင်းဘာလို့သူ့ကိုမုန်းရတာလဲ

New-သူကကျွန်တော့်အမေနဲ့အဖေကိုသတ်ခဲ့တဲ့သူမို့

Tay-မင်းသိနေတာကိုဘာလို့သူ့နားမှာနေနေတာလဲ

New-သူကကျွန်တော့်ကိုလူယုံအဖြစ်ငယ်ငယ်ထဲကမွေးစားခဲ့တာလေ

Tay-ငယ်ငယ်ထဲကဒုက္ခခံခဲ့ရမှာပဲ

New-ဒုက္ခတော့မဟုတ်ပါဘူး..လူယုတ်မာ
အပြုံးလေးတစ်ခုပြုံးတတ်သွားရုံပါပဲ...

Tay-အခုထိအဲ့လိုပဲပြုံးချင်နေသေးတာလား

New-ဒါတွေပြီးသွားရင်အကုန်စွန့်လွှတ်လိုက်မှာပါ

No Caption(season-1)Z±U(Completed)Where stories live. Discover now