Zawgyi+unicode
ထင်းရှူးပင်တွေကို အလွန်မြတ်နိုးသော... ထင်းရှူးရနံ့ဆို တရှိုက်မက်မက်ခုံမင်နှစ်သက်လှသော Im nayeon ဆိုသည့် မိန်းကလေး၏ငယ်ဘ၀မှာ အလွန် ပင် ရိုးစင်းခဲ့လေသည် ။ သို့သော် ထိုရိုးစင်းမှုမှာ သူမဘဝကို မုန်တိုင်းတစ် စင်းလို ပြင်းထန်စွာမွှေနှောက်လှုပ်ရှားစေနိုင်သည့် လူသား တစ်ယောက် သိရောက်ရှိမလာမီအချိန်အထိသာ တည်ရှိနိုင်ခဲ့သည်။
ထိုနေ့ညနေခင်း က တောင်ထိပ်တွင် မိုးရိပ်တွေ ညှို့နေသည် ။ Daeguမြို့လေးကို ဝိုင်းရံထားသည့် တောင်တွေပ်ါက ထင်းရှူးပင်တို့သည် အစိမ်းရင့်ရောင် မှိုင်းလာခဲ့သည် ။ လေးအေးတွေမှာလည်း ပိုမို ပြင်းထန်လာသည်။ မကြာခင် မိုးရွာတော့မှာပဲ။ မိုးရေစက်ကလေးတွေနဲ့ အတူ မုန်တိုင်း ပါလာသည်ကို nayeon ကြုံခဲ့ဖူးပြီ ။
Nayeon က ဂါဝန်အဖြူရှည်ကလေး တလွင့်လွင့်ဖြင့် အိမ် ထဲမှ ပြေးထွက်လာပြီး ခြံဝန်း ထောင့်ကုန်းမြင့်ကလေးဆီ ပြေးတက်သွားသည် ။ ဒီနေရာလေးက နေ ကြည့်လျှင် သူမ ဖေဖေပြန်လာမည့် လမ်းကလေး ကို မြင်နိုင်သည် ။ Nayeon ခန္ဓာကိုယ်လေးကို တစ်ပတ်လှည့် လိုက်လျှင် ထင်းရှူးပင်တွေ နှင့် ကာနေသော တောင်တွေကို မြင်နိုင်သေးသည် ။မြေပေါ်မှာလည်း အလေ့ကျပေါက်နေတယ့် နေကြာပန်းရိုင် လေးတွေလည်း အဖေပြန်လာမည်ကို စောင့်နေသော nayeon လေးရဲ့ အဖော်များပင်။
"ဖေဖေလည်း ခုထိ ပြန်မလာသေးဘူးဟယ်”
Nayeonနှုတ်ခမ်းစူကာ ခပ်တိုးတိုးရေရွတ်လိုက်ပြီး ခြေတစ်ဖက်ကို မသိမသာ ဆောင့်လိုက်လေသည်။
“ငါမှာလိုက်တာတွေ ဖေဖေဝယ်လာပါစေ”
Nayeonက ခပ်တိုးတိုး ဆုတောင်းမိပြန်သည်။
ဖေဖေ Seoulသွားတိုင်း လိုချင်တာတွေကို စုပြုံမှာလိုက်တတ်စမြဲ ဖြစ်သည် ။ ခုတစ်ခေါက် မှာလိုက်သည်မှာ ဘီးကုပ်လှလှတစ်ခုနှင့် ကတ်ဆက်လေးတစ်လုံးဖြစ်သည် ။ nayeonသည် ထင်ရှူးပင်ကြီးနားမှာ ရပ်ရင်းကပင် တစ်ချက်တစ်ချက် တွင် ခြေဖျားလေးထောက်ကာ ဖေဖေ ကွေ့ကွေ့ကောက်ကောက် လမ်းကလေးဆီ မောင်းဝင်လာမည့်ကားလေးကို မျှော်နေမိသည်
YOU ARE READING
𝘿𝙄𝙎𝙏𝘼𝙉𝙏 𝙎𝙏𝘼𝙍𝙎
Fantasyမမီနိုင်တော့ ဘူး ။ မမီနိုင်တာသိသော်လည်း ပြေးလိုက်ချင်ေနေသးသည်။ မကြားနိုင်မှန်း သိသော်လည်း အော်ခေါ်လိုက်ချင်သေးနေသေးသည် ။ "Jeongyeonရေ..ပြန်လာခဲ့ပါ " Zawgyi+unicode မမီနိုင်တော့ ဘူး ။ မမီနိုင်တာသိသော်လည်း ပြေးလိုက်ချင်နေသေးသည်။ မကြားနိုင်မှန်း သိ...