(part5)🐼⚽

2.6K 226 5
                                    

(Zawgyi)

Mew တစ်ယောက် ဟိုဘက်လျှောက်လိုက် ဒီဘက်
လျှောက်လိုက်နဲ့ အိပ်မပျော်နိုင် ဖြစ်နေသည်။

အကြောင်းကတော့ မနက်ဖြန် ကျောင်းပြန်တက်ရတော့
မည်ကြောင့် ဟိုအသေးလေးကို ဘယ်လိုလုပ်ရမလဲ စဉ်းစား
နေခြင်း ဖြစ်သည်။

ရှိသမျှ အကြံတွေ ဖျစ်ညစ် စဉ်စားသော်လည်း အကြံကောင်းက ထွက်မလာ။

သူငယ်ချင်းကောင်းဆိုလို့ တစ်ယောက်တစ်လေတောင်
မရှိတဲ့ Mew အတွက် တိုင်ပင်ဖော် တိုင်ပင်ဖက်ဆိုတာ
ဝေလာဝေး။

Mew ကသာအိပ်လို့မပျော်တာ ကုတင်ပေါ်က
အသေးလေး ကတော့ သိုးနေတာပဲ။

သူအိပ်ဖို့အတွက် လုပ်ပေးထားတဲ့ အိပ်ယာလေးမှာ မအိပ်ပဲ
Mew နဲ့ပဲ အိပ်ချင်သည်ဆို၍ ပြောမရတဲ့အဆုံး အိပ်ခိုင်း
လိုက်ရသည်။

ဒါတောင် မအိပ်ခင် daddy နဲ့မှ အတူအိပ်မယ်ဆိုပြီး
ရစ်နေသေးလို့ မနည်းချော့သိပ်ခဲ့ရသည်။

ဟိုတစ်နေ့က Center သွားတုန်းက သူ့အတွက်ဝယ်လာ
ပေးတဲ့ အင်္ကျီတွေထဲမှာ ညဝတ်အိတ် pajama လေး
သုံးစုံလောက် ပါလာခဲ့သည်။

အိပ်ခါနီး အဲ့ဒါလေးဝတ်ခိုင်းပြီး သိပ်ခဲ့တာ ချစ်ဖို့ကောင်း
လိုက်တာ ဘယ်လိုလေးမှန်းကို မသိဘူး။

Mew အခုသေသေချာချာ စဉ်းစားကြည့်မှ သူတကယ်
ကလေးတစ်ယောက် ကောက်ရလိုက်သည် ဟူ၍ပင်
ဖြစ်သည်။

အဲ့ဟာလေးကြည့်ပြီး ထြက္လာတဲ့ အကောင်းဆုံးအကြံကတော့
ကျောင်းကိုခေါ်သွားဖို့ပင် ဖြစ်သည်။

"ကောင်သေးလေးရေ မနက်ဖြန် မင်းငါနဲ့ ကျောင်းကိုလိုက်ခဲ့မှပဲ အဆင်ပြေတော့မယ်"

တကယ်တော့ Mew စိတ်ပူနေတာက အသေးလေးကို
ဖြစ်သည်။ ဒီလို သေးသေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ Gulf
လေးကို ​တွေ့တဲ့သူတိုင်း လိုချင်ကြမှာ အမှန်ပဲ။

စဉ်းစားကြည့်ရင် Mew ရဲ့ဘဝက အဲ့လောက်ကြီးလဲ
မဆိုးသေးပါဘူး။ အသေးလေးက Mew ရဲ့ သူငယ်ချင်း
ကောင်း တစ်ယောက် ဖြစ်လာနိုင်သည်ပဲလေ။

အတွေးတွေနောက်ထား မနက်ကျောင်းတက်ချိန် မထနိုင်မှ
ပြဿနာတက်မှာ။

Daddy and Little Fairy🐼⚽Where stories live. Discover now