'Mark..အထီးကျန်လေးလုပ်မနေပဲ အစ်ကိုနဲ့တွဲလိုက်လေ နေရာအနှံ့အတွဲတွေ တွေ့နေရမှာနော်..'
စတာလိုလိုအတည်လိုလိုပြောလိုက်တဲ့ ဂျပန်ပြည်ဖွား ပိုးပန်းသန်သည့် အစ်ကိုကြောင့် Mark ခိုးလိုးခုလုနှင့် သိမ်ငယ်သွားရသည်။
'တစ်လရှိနေပြီ Marchလမှာလည်းMarkကရည်းစားမရှိသေးဘူး အကြွေအမ်းတဲ့ချိုချည်ဆိုလည်း အဆင်ပြေတယ်နော်Mark san'
'အဲဒီတုန်းက ကျွန်တော်မှ ချောကလက်မယူခဲ့တာ ပြီးတော့ အစ်ကိုလိုက်ပေးနေတာ ကျွန်တော်တစ်ယောက်ထဲလည်းမဟုတ်ပဲနဲ့'
Markအကြောက်အကန်ငြင်းရင်း ခပ်သွက်သွက်ပြောချတဲ့အခါ Yutaကရယ်တယ်။စိတ်သက်တောင့်သက်သာရစေတဲ့အပြုံးတွေနဲ့ Markက သူစလို့ကောင်းတဲ့ကလေးလေးလိုအကြည့်တွေက မပြောင်းလဲသွားဘူး။
🌸🌸🌸🌸
ချယ်ရီပွင့်တွေဝေနေတဲ့လမ်းလေးပေါ်မှာ ခပ်သွက်သွက်လှမ်းနေကြတဲ့သူတွေထဲMark ခြေလှမ်းအမှီလှမ်းရင်း အတွေးများနေမိပြန်သည်။ဘယ်သူကရော တစ်ယောက်ထဲနေချင်လို့လဲ တကယ်ပါပဲ.....
ဘယ်သူမဆို ဘေးနားမှာတစ်ယောက်ယောက်ရှိနေပေးဖို့မျှော်လင့်ကြတာပဲမဟုတ်ဘူးလား။ကိုယ့်ကိုနားလည်ပေးနိုင်မယ့်တစ်ယောက်ယောက်ပေါ့။တစ်ယောက်ထဲနေရတာသဘောကျပေမယ့်လို့ မင်းစိတ်ကို နားလည်တယ်လို့ပြောပြီး ခပ်နွေးနွေးဆုပ်ကိုင်ထားမယ့်လက်လေးတစ်ဖက်ကိုတော့ တစ်ခါတစ်လေလိုချင်ပါသေးတယ်။ရှိပါ့မလားလို့ သူသေချာမသိပေမယ့်လည်း.....□□□□□□□□□□□□□□□
□ 🌸အချိန်ပိုင်းပါတနာအငှား🌸 □
□□□□□□□□□□□□□□□မြင်လိုက်ရတဲ့နံရံကပ်ကြော်ငြာလေးကြောင့်Markခြေလှမ်းတွေတန့်သွားမိသည်။ထူးထူးဆန်းဆန်းလို့တွေးမိပေမယ့် ဂျပန်မှာပေါက်တိပေါက်ရှာအလုပ်တွေများတာကိုတစ်ဆက်ထဲအမှတ်ရမိသွားပြန်သည်။တစ်ပိုင်းသာကျန်သည့်ကြော်ငြာကိုလက်လှမ်းမိရင်း မှန်တံခါးကနေ အကြည့်ဝေ့မိတော့အရောင်အသွေးစုံနေသည့် ဆိုင်ခန်းလေးထဲမှာတော့ လူစုစုရှိပေမယ့် တစ်ခုခုထူးခြားနေသည်ဟု ခံစားမိရသည်ကလည်း အင်မတန်မှအရောင်စုံသည့်ဝတ်စုံများနှင့်ကြောင့်သာဖြစ်တော့သည်။