သစ်ပင်တစ်ပင်နဲ့ ငှက်ကလေးတစ်ကောင် ... ။
မြူတွေစိုင်းနေတဲ့ တောင်ပေါ်မြို့လေးက
ရိုးရိုးရှင်းရှင်း ပုံပြင်လေးတစ်ပုဒ် ... ။အိမ်ပြန်ချိန်တိုင်း ငှက်ကလေးပြန်လာခိုနားစရာ
သစ်ပင်စိမ်းစိမ်းလေးတစ်ပင် ရှိခဲ့တယ်...။...
၁၂ရာသီပတ်လုံး နေရောင်မမြင်ရပဲ မြူတွေအမြဲဆိုင်းနေတတ်တဲ့ နယ်မြို့လေးမှာ ကျောင်းဆင်းချိန်တိုင်း မူလတန်းကျောင်းရှေ့မှာ လာစောင့်နေတတ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ် ... ။
ကျောင်းသားမိဘတွေကြားမှာ အဲ့ဒီကောင်လေးအကြောင်းဟာ စိတ်ဝင်တစားပြောစရာတစ်ခု...။
မဖွံ့ဖြိုးတဲ့ ကျေးလက်သာသာမြို့လေးမို့ လူဦးရေနည်းသလို ဘယ်သူဘာကိစ္စဖြစ်ဖြစ် တစ်မြို့လုံးက သိကြတယ်...။
အဲ့ဒီကောင်လေးဟာ သူတို့မြို့ငယ်လေးက ပျိုမေတွေအကုန် မစွတ်ဘဲညွှတ်ချင်နေကြတဲ့ ခပ်ချောချော ပန်းချီဆရာလေး ...။
မိုးနှင်းတွေကြား လမ်းလျှောက်တတ်စအရွယ်ကလေးတစ်ယောက်ကို ချီလို့ ရထားပေါ်က ဆင်းလာတဲ့အဲ့ဒီကောင်လေးကြောင့် တစ်မြို့လုံးက မိန်းမပျိုလေးတွေ အသည်းတွေ တစ်စစီကွဲကြေခဲ့ရဖူးတယ် ... ။
ချစ်သူရည်းစားလည်းမရှိ မိန်းကလေးတွေနဲ့ ပတ်သတ်တာမျိုးလည်းမရှိပါပဲ မြို့ပေါ်မှာ ဘွဲ့ယူပြီး ပြန်လာတာနဲ့ ကလေးအဖေတစ်ယောက်ဖြစ်သွားတဲ့အကြောင်းက သူတို့မြို့က လူတိုင်းရဲ့ ပါးစပ်ဖျားမှာ သတင်းတစ်ခု ... ။
ဘွဲ့ရကာစလူပျိုလေးက ကားမတော်တဆမှုနဲ့ ဆုံးပါးသွားတဲ့ သူငယ်ချင်းလင်မယားရဲ့ ကလေးလေးကို ပျိုးထောင်ပေးဖို့အတွက် နိုင်ငံခြားပညာသင်ဆုကိုတောင် စွန့်လွှတ်ပြီး ကလေးအဖေအဖြစ်ခံယူလိုက်သတဲ့ ... ။
...
ကျောင်းဆင်းတာနဲ့ ကလေးတွေအားလုံးရဲ့ ရှေ့ဆုံးကပြေးထွက်လာတဲ့ ဖြူဖြူလုံးလုံးကလေးလေးဟာ ရှောင်းကျန့်ရဲ့ အရာရာဖြစ်တယ် ... ။