Part-1

58 3 0
                                    

"သားရေ....viviလေးရေ...ဒီမှာသားသူငယ်ချင်းရောက်နေတယ်"

ဧည့်ခန်းမှလှမ်းပြောတဲ့ မာမီ့အသံကြောင့် ကျွန်တော်
ထမင်းစားခန်းထဲကထွက်လာခဲ့လိုက်တယ်။

-ဘယ်သူပါလိမ့်.....ဟင်...သူ....

အရပ်၆ပေနီးပါးရှိပြီး V shapeမျက်နှာပေါက်နဲ့...ခပ်စူးစူးမျမျက်လုံးအစုံ....နှာတံစင်းစင်းတွေ.....နားကားကားလေးတွေ.........
ကျွန်တော် အသေအချာသိတယ်....သူ့ကို.....

"လာ လာလေ ဇွဲထွဋ်ခေါင်ပိုင်...."

"သားသူငယ်ချင်းလား...လာထိုင်လေသားလေး"

မာမီခေါ်တော့ သူက ဆိုဖာပေါ်ဝင်ထိုင်လိုက်တယ်။
ကျွန်တော်လည်း မာမီ့ဘေး သူ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။

"ကဲ သူငယ်ချင်းတွေစကားပြောကြအုံး...မာမီ သားတို့စားဖို့တစ်ခုခုသွားယူလိုက်အုံးမယ်"

မာမီကျွန်တော့်ရှေ့ကထွက်သွားတယ်။

ကျွန်တော်တို့မိသားစုက အချမ်းသာကြီးမဟုတ်ပေမယ့်
သုံးနိုင်ဖြုန်းနိင်တဲ့အထဲပါတယ်။မာမီကပိုးထည်တိုက်ပိုင်ရှင်
ဆိုပေမယ့် အိမ်အကူမထား။ သူမကိုယ်တိုင်မီးဖိုချောင်ဝင်တဲ့
အပြင်အိမ်မှုကိစ္စလည်းသူမကိုယ်တိုင်သာလုပ်ပါတယ်။

ရှေ့ကကောင်က ကျောင်းဝတ်စုံအဖြူအစိမ်းနဲ့မဟုတ်တော့
တမျိုးချောသား။ တီရှပ်အပြာရောင်လေးနဲ့ဂျင်းဘောင်းဘီလေးနဲ့။ ဇွဲ ထွဋ် ခေါင် ပိုင်.....

သူနဲ့ကျွန်တော်က တစ်ကျောင်းထဲ တစ်တန်းတည်း တစ်ခုံထဲ
ထိုင်တဲ့ သူတွေ။ ဒါပေမယ့် ရင်းနှီးတဲ့ဆက်ဆံရေးမဟုတ်။
သူက ဒီနှစ်ကိုးတန်းမှ ကျွန်တော်တို့ကျောင်းကိုရောက်လာတဲ့ကောင်။
ဘာလို့ အိမ်ထိရောက်လာတာပါလိမ့်ဗျာ....ကျွန်တော်စဉ်းစားမရဖြစ်နေတုန်း

"Physicsမှတ်စု စာအုပ်ငှါးချင်လို့"

သူ့ဆီကအသံတိုးတိုးလေးထွက်လာခဲ့တယ်။
ဟုတ်သားပဲ...ဒီကောင်ကျောင်းနှစ်ရက်ပျက်ထားတာပဲ။

"ဪ ရတယ် ခဏနော်...စာအုပ်ကအပေါ်ထပ်မှာမို့်"

"အင်း"

You've reached the end of published parts.

⏰ Last updated: Jul 09, 2020 ⏰

Add this story to your Library to get notified about new parts!

Silent (ZawGyi+Unicode)Where stories live. Discover now