Zawgyi
မချစ်ရင်နေပါ မမုန်းလိုက်ပါနဲ့ ကိုကိုရယ် အပိုင်း (၂၉)💞💞💞
Yibo လည်း Xiao Zhan ပေးထားတဲ့ အိင်္ကျီလေးကိုဝတ်ကာ ဘောင်းဘီဒူးပြဲလေးနဲ့ စတိုင်လေးက ကလေးလေးပုံစံဖြစ်နေရှာသည်။
Xiao Zhan ပေါ့ပေါ့ပါးပါးပုံစံလေးဝတ်ကာ ဖြည်းဖြည်းချင်း
ဆင်းကာလာနေသည်။တစ်ယောက်က လှေးကားပေါ်က တစ်ယောက်ကအောက်ကနေ
တစ်ယောက်ကို တစ်ယောက် မျက်တောင်တောင်မခပ်နိုင် ငေးကြည့်နေရှာတော့သည်။" ကိုကို "
Yibo တစ်ယောက် Xiao Zhan ကိုကြည့်ကာ အရမ်းတွေပြေးဖက်ချင်မိသည်။
ကလေးတစ်ယောက်လိုပဲ ပေါ့ပါးနေတာပဲ။Yibo လည်းကားသော့ယူကာ
Xiao Zhan ကိုစိတ်ပြေမဲ့နေရာသို့ ခေါ်သွားလေသည်။
ကားထဲကနေ Xiao Zhan အပြင်ကိုလှမ်းကြည့်မိလိုက်တော့ မြင်ကွင်းလေးက အရမ်းကိုသာယာသည်။
Yibo တစ်ယောက်ကားကိုအမြန်မောင်းနေရှာသည်။
လမ်းလေးတွေက အကွေ့တွေအကောက်တွေနဲ့ Xiao Zhan Yibo ကားမောင်းတာကို လန့်နေရှာသည်။" ဒီကလေး ဒီလောက်ကားမောင်းကျွမ်းမှန်းမသိခဲ့ဘူး"
Xiao Zhan စိတ်ထဲကနေပြောနေမိသည်။မောင်းရင်းမောင်းရင်း ကားကအရမ်းကိုမြန်လာခဲ့သည်။
" Yibo"
"ဗျာ...ကိုကို"
" ကားကို အရှိန်လျော့"
" ဟုတ်....ဘာဖြစ်လို့လဲ ကိုကို"
"ဒီလောက်ကြီးအမြန်မမောင်းရဘူးလေ။ အန္တရာယ်များတယ်"
" လူရှင်းနေတာလေ ကိုကိုရဲ့"
" ငါ့ကိုအရစ်ပြန်မတက်နဲ့"
" ကျွန်တော်က ဒါကားမောင်းတာအနှေးဆုံးပဲ"
" ဘာ...မင်းပြိုင်ကားမောင်းနေတယ်များမှတ်နေလား?"
YOU ARE READING
မချစ်ရင်နေပါ မမုန်းလိုက်ပါနဲ့ကိုကိုရယ်..
Fanfictionကျွန်တော်ကို အားရပါးရ မုန်းလိုက်စမ်းပါ ကိုကိုရယ်။