7.4

2.5K 330 14
                                    


Zawgyi

နောက်တစ်နေ့မနက်မှာတော့ Linda တစ်ယောက်ကျောင်းပြန်တက်တယ်.ဇာတ်လိုက်မဆိုတဲ့အတိုင်းဘဲအခန်းထဲကသူတွေအကုန် လုံးကိုဆွဲဆောင်ထားနိုင်တယ်..အတန်းထဲသူတွေအားလုံးနီးပါး သူမကိုဝိုင်းနှုတ်ဆက်ကြတယ်..သူမကတော့မူပိုင်ကြာပန်းဖြူအသွင် ယူနဲ့ပြုံးပြရင်းစကားပြန်ပြောနေတယ်....

အဓိကဇာတ်လိုက်နှစ်ယောက်လုံးကံကြမာအလိုအရ ကျောင်းမာတစ်ခန်းထဲအတူကြတယ်..ဒုတိယဇာတ်လိုက် Jacque ကအခြားအခန်းမာ...

သူမအတန်းထဲစ၀င်လာကတည်းကသူ့မျက်လုံးတွေ Vincent ဆီကိုဘဲရောက်နေတာ..အလိုက်ကန်းဆိုးမသိတဲ့အတန်းထဲက ဟာတွေနဲ့အရေးမပါတဲ့စကားတွေကပြောနေရသေးတယ်..သူမစတွေ့တွေ့ချင်းမာဘဲဒီလူကသူ့အပိုင် သူ့ mate ဖြစ်ရမယ်လို့ သတ်မှတ်ထားလိုက်သည်..ဒါပေမယ့်သူမဒေါသထွက်သွားသည်.သူမလူဖြစ်လာမဲ့သူကဘာလို့အမှိုက်လိုကောင်ဘေးမှာထိုင်နေရတာလဲ...အဲ့တာငါ့နေရာဖြစ်သင့်တာကို.... Linda ချက်ချင်းသွားပြီးမိတ်ဆက်လိုက်သည်..Oliver ကိုလုံးဝကိုလျစ်လျူရှုထားပြီး Vincent ကိုဘဲနှုတ်ဆက်လိုက်သည်...

"ဟေ့ ..မင်းက Vincent ဟုတ်တယ်မလား...တို့က Linda လေ.မှတ်မိလား"

"................"

Vincent က Linda ကိုတစ်ချက်လေးတောင်မကြည့်ဘဲ သူဘေးနားမှာငြိမ်ငြိမ်လေးထိုင်နေတဲ့ကောင်လေးကိုအလိုလိုက်ချင်နေတဲ့ အသံနဲ့မေးလိုက်သည်..

"ဘာစားချင်လဲ"

"..ဟို..ရေခဲမုန့်....."

"ကောင်းပြီ..ဒါပေမယ့်ရေခဲမုန့်မစားခင်အခြားအရသာရှိတဲ့ဟာအရင်စားမယ်လေ.."

"အွန်း"

Vincent သူ့ကိုရှက်ကြောက်နေတဲ့ကောင်လေးကိုဂရုတစိုက်ပြန်ပြောလိုက်သည်...

Linda ရဲ့ဒေါသကငယ်ထိပ်ရောက်နေပြီ..သူ့မမြင်ချင်ယောင်ဆောင်လျစ်လျူရှုထားကြတယ်..အထူးသဖြင့် Vincent သူ့ကိုတစ်ချက်လေးတောင်မကြည့်ဘူး..ဟိုကောင်ကိုဘဲဂရုစိုက်နေတယ်...သူတို့နှစ်ယောက်ရှေ့မာရပ်နေရတာဘယ်လောက်ရှက်စရာကောင်းလဲ..အတန်းထဲကသူတွေကလည်းသူတို့ကိုကြည့်နေကြသည်...တခြားသူတွေကြည့်နေတာရောသူမကိုယ်တိုင်ကရော လက်မလျော့ချင်သေးတာကြောင့် သူမရဲ့မျက်နှာထားကိုပြန်ပြင်လိုက်ပြီးစကားဝိုင်းထဲဝင်ရောလိုက်သည်...

System:Xiao Bao Zi[Mm Translation] Where stories live. Discover now