ဒီနေ့ Vdayနေ့ဆိုတော့ Perthတယောက် စောစောစီးစီးနိုးထလာခဲ့သည်။ Saintကို surpriseလုပ်ရမယ် မဟုတ်လား.... ဒီနေ့က ချစ်သူစဖြစ်တာ တနှစ်ပြည့်တဲ့နေ့နဲ့အတူ ပထမဆုံးအနေနဲ့တူတူဖြတ်သန်းရမဲ့ valentineနေ့။ ဒါကြောင့် တနေကုန်အမှတ်တရတွေနဲ့ တန်ဖိုးရှိရှိလေး ဖြတ်သန်းချင်တယ်လေ။
ချစ်ရတဲ့ချစ်သူလေး Saintက Perthထက်အသက်ကြီးပေမဲ့ Saintလို့ပဲခေါ်ဖြစ်ပြီး တခါတလေ ကလေးလေးလို့ ချစ်စနိုးခေါ်ဖြစ်သည်။ အမြဲတမ်းသူ့နားရောက်ရင် ချွဲနွဲ့တက်တဲ့ ကလေးဆိုးကြီးလေ။ ဒီနေ့လေးမှာ ထိုကလေးဆိုးရဲ့မျက်နှာမှာ အပြုံးတွေဖောဖောသီသီမြင်ရဖို့ တလအလိုလောက်ထဲက ကြိုတင်ပြင်ဆင်ထားခဲ့ရသည်လေ။ ဒီနေ့လေးကို ရင်ခုန်စွာနဲ့ဖြတ်သန်းဖို့ အကုန်စီစဉ်ပြီးသားမို့ စောစောပင်ထကာ ရေမိုးချိုးပြီး အခန့်ဆုံးဖြစ်အောင် ပြင်ဆင်လိုက်သည်။ ဒီနေ့ ကလေးလေးရဲ့မျက်လုံးထဲက သူက ကြည့်အကောင်းဆုံးချစ်သူကောင်လေးဖြစ်နေချင်သည်။
သူအရမ်းကြိုက်တဲ့ ချောကလက်တွေကို ကားနောက်ခန်းမှာ အပြည့်ထည့်ထားပြီးသား တခြားမုန့်နဲ့ ဂီတာလေးလဲပါပြီမို့ Saintအိမ်ကိုထွက်လာခဲ့လိုက်သည်။
အိမ်ရောက်တော့ သူ့စီမှာရှိတဲ့သော့အပိုတစုံနဲ့ တံခါးဖွင့်ပြီး တိုးတိုးလေးဝင်သွားလိုက်သည်။ ထို့နောက် အခုထိအိပ်ပျော်နေတဲ့ ကလေးဆိုးလေးရဲ့အိပ်ခန်းထဲကို တည့်တည့်မတ်မတ်ဝင်သွားလိုက်သည်။ အိပ်ရာပေါ်မှာ ဖြူလျလျကောင်လေးက အိပ်လို့ကောင်းနေဆဲ။ Perthခုတင်ခြေရင်းသို့သွားလိုက်ကာ စောင်ကိုဆွဲမလိုက်ပြီး စောင်အောက်သို့အသာလေးဝင်ကာ ခြေထောက်လေးတွေကနေစပြီး မျက်နှာဆီကိုရောက်တဲ့အထိ တကိုယ်လုံးကို နှုတ်ခမ်းလေးနဲ့ဖွဖွ နမ်းသွားပြီး နှုတ်ခမ်းရဲရဲလေးရဲ့ အောက်နှုတ်ခမ်းဖူးဖူးလေးကို ငုံကာစုပ်ယူလိုက်သည်။ "အင်းးး"ဟု တချက်အသံထွက်ကာ မျက်နှာကို တဖက်လှည့်သွားပြီး ဆက်အိပ်နေတဲ့ အိပ်ပုတ်လေးကတော့ မနိုးသေး။
"Saint.... Saint.... ထတော့လေကွာ.... ကိုယ်ရောက်နေပြီ ထတော့..."ဟု နားနားကပ်ကာ ပြောလိုက်ပေမဲ့ ကောင်ဆိုးလေးက မထတဲ့အပြင် "ဟာကွာ... အစောကြီးရှိသေးတာကို"လို့ပြောပြီး သူ့ပေါ်မှောက်ကာ နေနေတဲ့ Perthကိုတွန်းလွှတ်တာ တဖက်ကိုလှည့်သွားပြီးဆက်အိပ်နေလိုက်သည်။ Perthလဲ ခုတင်ပေါ်မှာ ပက်လပ်လှန်ကာ ဘယ်လိုနှိုးရမလဲဟုစဉ်းစားရင်း ထကာ ဝတ်ထားတဲ့ဘောင်းဘီကို ချွတ်ပစ်လိုက်သည်။