Zaw Gyi +Unicode
"သားရေ...ထတော့...သားဒက်ဒီတောင်အလုပ်သွားပြီ..
၈နာရီခွဲတော့မယ်...ကျောင်းနောက်ကျမယ်သားလေး""အာ မာမီကလည်း...ငါးမိနစ် ငါးမိနစ်"
မှိုင်းညှို့ကတော့ ပေပြီး အိပ်နေဆဲ။ ဒေါ်မိုးမြတ်လည်း ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေးရဲ့ဆံပင်နုနုလေးတွေကိုဖွရင်း
"သားကိုကို အောက်မှာရောက်နေပြီ"
"ဟင်...ကိုကိုရောက်နေတယ်😀ဟာ မာမီကလည်းစောစောကတည်းကမပြောဘူး...ဟွန့်"
ကိုကိုဆိုတဲ့အသံလည်းကြားရော မှိုင်းညှို့တို့များချက်ချင်းထထိုင်တာ။
"သားလေးကတော့နော်"
ဒေါ်မိုးမြတ်လည်းရေချိုးခန်းထဲပြေးဝင်သွားတဲ့ သားပုတုတုနုနုဖတ်ဖတ် ချစ်စရာကောင်လေးကို ငေးကြည့်ရင်းပြုံးနေသည်။
စောင်တွေခေါက်ပေးပြီး အောက်ထပ်ပြန်ဆင်းလာခဲ့သည်။(ဒေါ်မိုးမြတ်က သုံးဆယ်ကျော် ချောလှပြီးကျက်သရေရှိတဲ့
အမျိုးသမီးပါ။)>ဧည့်ခန်း<
စေလရောင် ဆိုဖာပေါ်ထိုင်နေသည်။ ဒေါ်မိုးမြတ်လည်း
လှေကားမှတဆင့် လျှောက်လာပြီး စေလရောင်အရှေ့တွင်ဝင်ထိုင်သည်။စေလရောင်....ရှစ်တန်းကျောင်းသား။ကျောင်းအကျီင်္အဖြူလက်ရှည်နှင့် ပြန့်အောင်မီးပူတိုက်ထားတဲ့ကျောင်းစိမ်းပုဆိုးလေးဝတ်ထားသည်။
"သားစေရေ...သားလေးကတော့ခုနကမှနိုးလေရဲ့"
"ဟုတ်ရပါတယ်အန်တီမိုး...နာရီဝက်တောင်ကျန်သေးတာပဲ"
"မနက်စာစားပြီးပြီလားသားစေ....ဒီနေ့တီမိုးအုန်းနို့ခေါက်ဆွဲလုပ်ထားတယ်...စားမယ်ဆိုတီမိုးယူပေးမယ်လေ"
"စားပြီးပါပြီဗျ....မေမေကမနက်ကနန်းကြီးသုပ်လုပ်ကျွေးလို့..."
"မအေးမြ ဆီနေ့လည်သွားလည်အုံးမှ"
"မေမေကလည်းသတိရတယ်ပြောပါတယ်ဗျ...အပ်ထည်တွေများတော့ အိမ်လည်မလာနိုင်တာဖြစ်မယ်တီမိုး"
(စေ့အမေက စက်ချုပ်ပြီး စေ့အဖေက မှိုင်းညှို့တို့ကုမ္ပဏီက
အတွင်းရေးမှူး။ အသေးစားကုမ္ပဏီလေးပဲ။ ဒီတော့ စေတို့ထက် မှိုင်းညှို့တို့က ပိုအဆင်ပြေတယ်လို့ပြောရမှာပေါ့..
အိမ်ချင်းကကပ်ရက်။ မှိုင်းညှို့လေးတို့အိမ်က နှစ်ထပ်တိုက်
ဖြစ်ပြီး စေလရောင်တို့က တထပ်တိုက်ပုလေး)