Limited Age*** နည်းနည်းလေးပါ
ကျိုးချန်:: အာ့ အကို ဖြေးဖြေး ချော်လဲမယ်
သတိရှိသေးရဲ့လားတောင်မသိတဲ့ အကိုဟွိုက်ခွမ်းရဲ့ကိုယ်ကို တစ်ယောက်ထဲတွဲလာရတာကတော့မလွယ်ကူဘူး မသောက်နိုင်ဘဲဘာလို့ဒီလောက်သောက်ရတာလဲ(ကလေးကအကို
အရက်မူးတယ်ပဲထင်နေတာ☺)ကျိုးချန်: အိမ်မှာဘယ်သူမှမရှိဘူးထင်တယ် ဟူးးးမောလိုက်တာ ခုမှအိမ်အဝပဲရှိသေးတယ် အထဲရောက်ရင်အမောဆို့ပြီးသေသွားမလားပဲ
'ဟာ သခင်လေးဘယ်လိုဖြစ်လာတာလဲ'
ဟုဆိုကာ ရေတွေစိုရွှဲနေတဲ့လူတစ်ယောက် သူတို့အနား ကိုရောက်လာတယ် ကျိုးချန်လဲအကိုတို့အိမ်ကအလုပ်သမားတစ်ယောက် ဖြစ်မယ်ဟုခန့်မှန်းမိတယ်ကျိုးချန်:: အော် လူရှိသေးတာပဲ ဝိုင်းတွဲပေးပါဦး
'အာ အကိုလေးပဲပို့ပေးလိုက်ပါလား အကိုလေးမြင်တဲ့အတိုင်းပဲ ကျွန်တော်ကရေပိုက်ပြင်နေရင်း နဲ့ကဆိုတော့ရေတွေရွှဲနေလို့ အပေါ်ထက်ကတွေ့တွေ့ချင်းအခန်းက သခင်လေးရဲ့အခန်းပါ'
ကျိုးချန်အကူအညီရမလားမေးကြည့်ပေမယ့် အကူအညီကလဲသူ့ဒုက္ခနဲ့သူဖြစ်နေပါရော့လား
ကျိုးချန်: ဒါနဲ့ ဦးလေးတို့မရှိဘူးလား
'ဟုတ် မရှိဘူး ပွဲတစ်ခုသွားကြမယ်ပြောတယ် ဒီနေ့ပြန်လာဖြစ်မဖြစ်မ မသေချာဘူး'
ကျိုးချန်:: ဒါဆိုလဲ ကျွန်တော်ပဲပို့ပေးလိုက်ပါတော့မယ်
'ကျေးဇူးပါအကိုလေးရာ'
ခေါင်းတချက်သာငြိမ့်ပြပြီးအကို့ကိုတွဲကာအပေါ်သို့တတ်လာခဲ့တယ်
အရက်မူးနေတဲ့သူကိုတွဲပြီးလှေကားပေါ်တတ်ရတာကသိကအောက်နိုင် လှတယ် ပုံမှန်အချိန်ဆို အကိုနဲ့အနီးကပ်ဖြစ်နေရလို့ ရင်ခုန်လောက်ပေမယ့် အခုအချိန်မှာတော့ မောနေတာတစ်ခုပဲသိတယ်အခန်းထဲရောက်တော့ အကို့ကိုကုတင်ပေါ်သို့တင်ပေးလိုက်တယ်
သည်းသံလိုလိုကြားလိုက်ရတာကြောင့်ကြည့်လိုက်တော့အကိုကမျက်မှောင်ကျုံ့ကာအကျီ င်္ချွတ်ဟန်ပြင်နေတာကြောင့် သက်ပြင်းတစ်ချက်ချ လိုက်ရင်း ဟင်းးးးးးး
ပို့မယ့်ပို့အဆုံးထိရောက်အောင်ပို့ရတော့မှာပေါ့