Intro >>>"သားရယ် .. ဟိုလေ .. Aunty ဘာပြောရမှန်းတောင် မသိတော့ဘူး၊ Aunty လည်း သူ နားဝင်အောင် ဖြောင်းဖြကြည့်ပါသေးတယ်၊ သူကိုယ်တိုင်က ခါးခါသီးသီးဖြစ်နေတာဆိုတော့ .. သူ့ဆန္ဒအတိုင်း .. "
"ဘာပဲဖြစ်ဖြစ် ကျွန်တော်ကြိုးစားကြည့်ချင်သေးတယ် Aunty .. အခုတော့ ဒီလိုဖြစ်နေပေမယ့် နောက်ပိုင်း သူ ကျွန်တော့်ကိုလက်ခံလာမှာပါ"
လူကြီးတစ်ယောက် စကားပြောနေတုန်း ကြားဖြတ်ပြောရတာမကောင်းမှန်းသိပေမယ့်လည်း Yifan တစ်ယောက် ညည်းညူပြောဆိုနေတဲ့ Aunty ကြီးစကားမဆုံးခင် အလောတကြီးနဲ့ဝင်ပြောလိုက်မိတယ်။
Aunty ကြီးကတော့ Yifan ဘာပြောပြော ခေါင်းတခါခါလည်တခါခါလုပ်နေဆဲ။ ဒါပေမယ့် သူကိုယ်တိုင် အချိန်ယူဆုံးဖြတ်ခဲ့ပြီးသား ကိစ္စတစ်ခုကို အခက်အခဲလေးတစ်ခုနှစ်ခုကြုံရတာလောက်နဲ့တော့ စွန့်လွှတ်အရှုံးပေးခဲ့တယ်ဆိုတာ သူ့ရာဇဝင်မှာမရှိဘူးလေ။
"ခွင့်ပြုပါ Aunty ရယ်၊ ဒါကလည်း သူကောင်းဖို့အတွက်ပဲမလား၊ ဒီအချိန်မှာ သူ့ကို ဒီတိုင်းကြီးပဲလွှတ်ထားလိုက်မယ်ဆို အချိန်ကြာလာတာနဲ့အမျှ ဒီထက်ပိုဆိုးလာနိုင်တယ်"
"ဟုတ်တာတော့ဟုတ်ပါတယ် သားရယ်၊ ခုပြောနေတာက သားကို သူအန္တရာယ်ပေးမှာ Aunty က စိုးရိမ်လို့ပါ"
Aunty ကြီး စကားဆုံးတော့ သူတစ်ချက်ပြုံးလိုက်ရင်း
"ဒါဆိုရင်တော့ စိတ်မပူပါနဲ့ Aunty .. ဒီအလုပ်ကို စလုပ်မယ်ဆိုကတည်းက ဖြစ်နိုင်ချေရှိတာတွေကို ကျွန်တော်အကုန်တွက်ထားခဲ့ပြီးသားပါ၊ အဓိကက ကျွန်တော် သူ့ကို ကူညီချင်တယ်၊ သူ့အခြေအနေတိုးတက်လာအောင် သူ့ဘေးကနေ ကျွန်တော် စောင့်ရှောက်ပေးချင်တယ်"
"ကျေးဇူးပါ သားရယ်၊ ဒါနဲ့ Aunty တစ်ခုလောက်တော့မေးမယ်နော်၊ သား သူ့ကို ဘာကြောင့် ဒီလိုကူညီချင်ရတာလဲ၊ ဟို .. Aunty ပြောတာက သားနဲ့သူနဲ့က တစ်ခါမှလည်းမတွေ့ဖူးကြဘူးလေ၊ Aunty တို့နဲ့တောင် Yixing မိတ်ဆက်ပေးမှ တစ်ခါလေးတွေ့ဖူးတာဆိုတာတော့ ... သား ဘာကြောင့် သူ့ကိုကူညီပေးချင်တယ်ဆိုတာ .. "
YOU ARE READING
Guardian Angel
Romance~Your Guardian Angel ~ You may see me as huge or imagine me as small, I'm right by your side and will hear when you call. I'm loyal and true, you can trust me to care. I'm your Guardian Angel. I'll always be there. ...