ဆိုဖီ ......
သူမနာမည်က ဆိုဖီ။ဆိုဖီက အသားဖြူဖြူ ပိန်သွယ်သွယ် နှုတ်ခမ်းထူထူလေးနဲ့ ဆံပင်ကောက်ကောက်လေးတွေရှိတဲ့အမျိုးသမီးငယ်လေး။ဆိုဖီကိုကြည့်တိုင်း သူ့မျက်နှာကို အကဲခတ်မရဘူး။ ဘာမှမခံစားရသလိုပုံစံနဲ့ ဟန်ဆောင်နေပေမယ့် သူကွဲကြေနေတာကို ဆိုဖီကကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့တယ်။ဆိုဖီက ဘယ်သူ့မှ မလိုဘူး ပြောနေပေမယ့် ဆိုဖီက လူတိုင်းအပေါ်တွယ်တာခဲ့တယ်။ဆိုဖီ့သူငယ်ချင်းတွေ ဆိုဖီ့ကို လိုသုံးသက်သက်ပဲ။ဆိုဖီက အိမ်မပိုင်တဲ့ကလေးမ ဖြစ်တဲ့အတွက် ဆိုဖီဟာ သူငယ်ချင်းတွေနဲ့ အတူဆုံတွေ့တဲ့အခါမျိုး ခရီးထွက်တဲ့ အခါမျိုးမှာ ဆိုဖီ အမြဲငြင်းခဲ့တယ်။အမေကိုကြောက်ရတဲ့ ဆိုဖီ့ကို နားမလည်တဲ့ သူငယ်ချင်းတွေဟာ ဘယ်ကိုပဲသွားသွား ဆိုဖီ့ကို ထည့်မထွက်ကြဘူး။ဆိုဖီဟာ လိုသုံးသာသာ။တွေ့မှသာ ဟက်ဟက်ပက်ပက်ပေမယ့် ဆိုဖီက စိတ်မနာနိုင်ခဲ့ဘူး။တစ်ယောက်တည်းနေတတ်တဲ့ အချိန်ကျရင်တော့ ဆိုဖီဟာ အားလုံးကို စွန့်ပစ်ပစ်မယ်လို့ သူငယ်ချင်းတွေကို ကျိန်ဆဲရင်း ရေရွတ်လေ့ရှိတယ်။ဆိုဖီက မိသားစုထဲမှာအလတ်။ဆိုဖီ့အမေက သမီးအကြီးဆုံး သူ့အမနဲ့ သမီးအငယ်ဆုံးသူ့ညီမကိုသာ ချစ်တယ်။ဆိုဖီ့အဖေကတော့ မောင်အငယ်ဆုံးလေးကိုချစ်တယ်။ဆိုဖီလိုချင်တာရှိရင် ဆိုဖီကိုယ်တိုင်ပိုက်ဆံစုဝယ်ရင်ဝယ် မဝယ်ရင် မေ့ပစ်ဖို့ပဲ။ဆိုဖီ့မိဘတွေဟာ ဆိုဖီ့ကို ညဏ်ကောင်းတဲ့နေရာမှာပဲ ဂုဏ်ယူတတ်ကြတယ်။ဆိုဖီဟာ အဖေ့ကိုချစ်လားအမေ့ကိုချစ်လားမေးခွန်းကိုကြားရင် ရယ်တတ်တယ်။ အတူတူချစ်တယ်ဆိုတာ စာအုပ်ထဲမှာပါ အပြင်မှာ အလတ်ဆိုတာ အမြဲလတ်နေတတ်တာ ဆိုဖီအကြိုက်ဆုံး စာရေးဆရာမရဲ့ဝတ္တုထဲက စာသား ။ဆိုဖီက လိုချင်တာရှိရင် အသည်းအသန်ပေမယ့် ရသွားရင်လည်း တန်ဖိုးမထားတတ်ပြန်ဘူး။ဆိုဖီအချစ်ကိုတွေ့ချိန်မှာလည်း အချစ်ဟာ ဆိုဖီ့ကို မျက်နှာသာမပေးခဲ့ဘူး။ဆိုဖီဟာ အချစ်ခံချင်တဲ့စိတ်လွန်ကဲနေတဲ့ ရောဂါရနေသူပဲ။လုံလောက်တဲ့ ချစ်ခြင်းမေတ္တာမရတဲ့ အခါ ဆိုဖီဟာ ရိုင်းစိုင်းယုတ်မာ ဆိုးသွမ်းလာတယ်။ဆိုဖီဟာ လူအများရှေ့မှာ နတ်သမီးလေးလိုဖြူစင်ပေမယ့် နောက်ကွယ်မှာ တကယ့် ယုတ်မာမှုတို့ရဲ့ခေါင်းဆောင်ပဲ။ဆိုဖီဟာ သူ့အထီးကျန်မှုကို ကာကွယ်ရင်း အကောင်းဆုံးပုံပြင်ပြောသူဖြစ်လာတယ်။ဆိုဖီ့စကားတွေဟာ တောရောက်တောင်ရောက်။