ဆယ်ကျော်သက်အရွယ်ဆိုတာသစ်ရွက်လှုပ်တိုင်းရင်ခုန်တတ်တဲ့အရွယ်တဲ့။
ညီမအသက်ဆယ့်ငါးနှစ်မှာအကို့ကိုစတွေ့ခဲ့တယ်။ပြီးတော့ညီမနှလုံးသားကအခုအချိန်ထိအကို့ကိုချစ်နေတုန်းပဲတဲ့....။Love At First Sight?....
[7.8.2018]
မြင်မြင်ချင်းအချစ်ဆိုတာကသိပ်တော့ယုံချင်စရာမကောင်းလှဘူးအကို။ဒါေပမယ့်ကိုယ်တိုင်ကြံုလာရတဲ့အခါမျိုးမှာေတာ့လက်မခံချင်လည်းမျက်စိစုံမှိတ်လို့ယုံလိုက်ရတော့တာပဲလေ။
အတန်းတူပေမယ့်ညီမထက်လပိုင်းကြီးတဲ့အကို့ကိုညီမကနာမ်စားလေးသတ်မှတ်ထားတယ်။
“အကို”တဲ့...။အကိုကတည်တည်ကြည်ကြည်မဟုတ်ဘဲခပ်အေးအေးလေး။သူငယ်ချင်းေတွနဲ့ဆိုစေနာက်ေနတတ်ေပမယ့်ပုံမှန်အချိန်တွေမှာတော့စကားနည်းတယ်။အကိုမသိအောင်အကို့အခန်းကိုချောင်းပေါက်မတတ်လာရတာလည်းပျော်စရာအလုပ်တစ်ခုလိုပဲ။လူမသိ၊သူမသိငေးရတာသိပ်ပျော်ဖို့ကောင်းတာအကိုရဲ့။
သူငယ်ချင်းတွေရဲ့ကောင်းမှုကြောင့်အကို့ကိုညီမကြိတ်ကြွေနေမှန်းသိသွားတော့ညီမတို့ဆုံတိုင်းအကိုကမျက်နှာလွှဲတယ်။ဒါကအကိုရှက်နေလို့ဖြစ်ပါလိမ့်မယ်။မဖြစ်နိုင်တဲ့အရာတွေကိုညီမကမျက်စိစုံမှိတ်လို့ယုံတတ်လာခဲ့တယ်။
စတွေ့ခဲ့တာလည်းညီမ၊စချစ်မိခဲ့တာလည်းညီမပါပဲ။ဒါတောင်အကိုကတစ်စက်ကေလးမှလှည့်မကြည့်ခဲ့ဘူးနော်။အကိုကသိပ်ကိုဆိုးပါတယ်။
ညီမရင်ထဲမှာဂန္ဓမာအဝါတွေပွင့်ခဲ့တဲ့ရက်တွေပေါ့အကိုရယ်။လျစ်လျှူရှုခံရလည်းဒီတဖက်သတ်ချစ်ခြင်းမှာညီမကပျော်နေခဲ့ပါတယ်....။
ဆယ္ေက်ာ္သက္အ႐ြယ္ဆိုတာသစ္႐ြက္လႈပ္တိုင္းရင္ခုန္တတ္တဲ့အ႐ြယ္တဲ့။
ညီမအသက္ဆယ့္ငါးႏွစ္မွာအကို႔ကိုစေတြ႕ခဲ့တယ္။ၿပီးေတာ့ညီမႏွလုံးသားကအခုအခ်ိန္ထိအကို႔ကိုခ်စ္ေနတုန္းပဲတဲ့....။Love At First Sight?....
[7.8.2018]
ျမင္ျမင္ခ်င္းအခ်စ္ဆိုတာကသိပ္ေတာ့ယုံခ်င္စရာမေကာင္းလွဘူးအကို။ဒါေပမယ့္ကိုယ္တိုင္ႀကံဳလာရတဲ့အခါမ်ိဳးမွာေတာ့လက္မခံခ်င္လည္းမ်က္စိစုံမွိတ္လို႔ယုံလိုက္ရေတာ့တာပဲေလ။
အတန္းတူေပမယ့္ညီမထက္လပိုင္းႀကီးတဲ့အကို႔ကိုညီမကနာမ္စားေလးသတ္မွတ္ထားတယ္။
“အကို”တဲ့...။အကိုကတည္တည္ၾကည္ၾကည္မဟုတ္ဘဲခပ္ေအးေအးေလး။သူငယ္ခ်င္းေတြနဲ႕ဆိုစေနာက္ေနတတ္ေပမယ့္ပုံမွန္အခ်ိန္ေတြမွာေတာ့စကားနည္းတယ္။အကိုမသိေအာင္အကို႔အခန္းကိုေခ်ာင္းေပါက္မတတ္လာရတာလည္းေပ်ာ္စရာအလုပ္တစ္ခုလိုပဲ။လူမသိ၊သူမသိေငးရတာသိပ္ေပ်ာ္ဖို႔ေကာင္းတာအကိုရဲ႕။
သူငယ္ခ်င္းေတြရဲ႕ေကာင္းမႈေၾကာင့္အကို႔ကိုညီမႀကိတ္ေႂကြေနမွန္းသိသြားေတာ့ညီမတို႔ဆုံတိုင္းအကိုကမ်က္ႏွာလႊဲတယ္။ဒါကအကိုရွက္ေနလို႔ျဖစ္ပါလိမ့္မယ္။မျဖစ္နိုင္တဲ့အရာေတြကိုညီမကမ်က္စိစုံမွိတ္လို႔ယုံတတ္လာခဲ့တယ္။
စေတြ႕ခဲ့တာလည္းညီမ၊စခ်စ္မိခဲ့တာလည္းညီမပါပဲ။ဒါေတာင္အကိုကတစ္စက္ကေလးမွလွည့္မၾကည့္ခဲ့ဘူးေနာ္။အကိုကသိပ္ကိုဆိုးပါတယ္။
ညီမရင္ထဲမွာဂႏၶမာအဝါေတြပြင့္ခဲ့တဲ့ရက္ေတြေပါ့အကိုရယ္။လ်စ္လ်ႉရႈခံရလည္းဒီတဖက္သတ္ခ်စ္ျခင္းမွာညီမကေပ်ာ္ေနခဲ့ပါတယ္....။
YOU ARE READING
Only One♥
Non-Fictionတစ်စုံတစ်ယောက်ရဲ့Only Oneလေးဖြစ်ခဲ့ဖူး တယ်....။ Not fiction,just about my first heartbeat♥️ တစ္စုံတစ္ေယာက္ရဲ႕Only Oneေလးျဖစ္ခဲ့ဖူး တယ္....။