"အဲ့လိုဖွင့်လိုက်လို့ ဘယ်..ဘယ်ဖြစ်မှာလဲ?!"
အထစ်ထစ်အငေါ့အငေါ့ပြောလာတဲ့သူကိုကြည့်လိုက်တော့ ယွန်းဂီကိုမြင်တာနဲ့ အခန်းရဲ့တစ်ဘက်ခြမ်းကို ပြေးကပ်ကြတဲ့လူအုပ်ကြီးထဲကတစ်ယောက်။
ဟိုဆော့လည်းအဲ့ဒီတစ်ယောက်ကို အသာလေးပုခုံးတွန့်ပြလိုက်ပြီး ယွန်းဂီအပေါ်ကိုသာ အာရုံစိုက်ထားတယ်။
"ငါထူပေးမယ် ထ"
စကားရဲ့အဆုံးသတ်နဲ့အတူ အနက်ရောင်ဂျာကင်ပွပွဝတ်ဆင်ထားတဲ့ ကြမ်းပြင်ပေါ်က အနှီကောင်လေးရဲ့ လက်မောင်းတွေကို အသာထိန်းကိုင်ရင်း မတ်တပ်ရပ်စေတယ်။ဟိုဆော့ရဲ့အကူညီနဲ့မတ်တပ်ရပ်လိုက်သော်လည်း ယွန်းဂီ
တစ်ယောက်လက်ထဲက ကြမ်းတိုက်တုတ်တံကို ကြစ်ကြစ်ပါအောင်ကိုင်ထားဆဲ။
တစ်ဖက်ခြမ်းက လူအုပ်ကြီးကို ယွန်းဂီတစ်ချက်ကြည့်ရင်း
သက်ပြင်းချသံနဲ့အတူ ကြမ်းတိုက်တုတ်တံကို လွှတ်ချလိုက်ပြီး၊ စိတ်မရှည်စွာနဲ့ပဲ သူ့ရဲ့ဂျာကင်ကို ပုခုံးသားဖြူဖြူလေတွေပေါ်အောင်ထိ ဆွဲချပြလိုက်တယ်။"ဒီမှာကြည့် ဒီမှာ၊ ကိုက်ရာတွေ့လား?ရှိလား?"
ဝင်းမွတ်နေတဲ့လည်တိုင်ပေါ်မှာ ကိုက်ရာများရှိခဲ့ရင် ထင်းခနဲပေါ်နေမှာမလို့ လည်ပင်းနားမှာကိုက်ရာရှိသလား မရှိသလားဆိုတာတော့ အထူးတလည်ပြနေစရာမလိုတော့၊
ပြီးတာနဲ့ ဂျာကင်ကိုပြန်ဆွဲတင်ရင်း ကြမ်းတိုက်တံကိုပြန်ကောက်ပြီး ဟိုဆော့ကမ်းပေးလာတဲ့ တစ်ရှုးစနဲ့ မျက်နှာပေါ်ကချွေးတွေကိုသုတ်ချလိုက်တယ်။ကျောင်းသားတွေလည်း ယွန်းဂီရဲ့ဖြေရှင်းချက်ကို နားထောင်ပြီးမှ ခေါင်းတငြိမ့်ငြိမ့်နဲ့၊ ခုနက ကြောက်အားလန့်အားနဲ့ စားပွဲပေါ်တက်ရပ်နေတဲ့လူလည်း ပြန်ဆင်းလာ၊ နောက် လိုက်ကာနောက်မှာပုန်းနေတဲ့လူတွေ၊ စားပွဲအောက်ဝင်ပုန်းနေတဲ့လူတွေလည်းထွက်ကြတယ်။
ဟိုဆော့ကိုကြည့်တော့လည်း ယွန်းဂီကိုနည်းနည်းလေးမှကြောက်ရွံခြင်းမရှိ၊ တစ်ရှုးလေးပေးလိုက် ရေဘူးလေးပေးလိုက်နဲ့။အချိန်အတော်ကြာတော့ အပြင်က ဆူညံသံတွေလည်းလျော့ကျသထက် လျော့ကျလာတာကြောင့် အခြေအနေနည်းနည်းငြိမ်ပြီလို့ပြောလို့ရမယ်။
YOU ARE READING
𝐔𝐍𝐅𝐎𝐑𝐄𝐒𝐄𝐄𝐍
Fanfiction"ဆုံးရှုံးမှုတွေရှိလာမယ်ဆိုရင်တောင် ငါကဒီလူကို သေချာပေါက်ကာကွယ်မှာ"