_____________Chapter-2_______________
တောက် ~
တောက် ~
တောက် ~
Seulgi တစ်ယောက်ဆိုဖာပေါ်ထိုင်ရင်း အရှေ့မှာရှိနေတဲ့ မှန်စားပွဲကို ဘောပင်နဲ့တတောက်တောက်ခေါက်နေမိသည်။
"မပြန်သေးဘူးလား"
"ဟင့်အင်း "
Irene ပြန်ဖြေလိုက်တယ်။
" Joo Hyun ဒီကိစ္စကို ဒီတိုင်းလက်လျှော့-"
" Kang - "
ဒီလိုစကားဖြတ်ပြောခံရတာမျိုးကို Kang Seulgiမကြိုက်ပေမယ့် မတတ်နိုင် ~ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမ ဘယ်တုန်းက Ireneကို နားဝင်အောင်ပြောနိုင်ခဲ့လို့လဲ ။
" နင်လဲ သိတာပဲ Seul~ ဒီအဖြစ်အပျက်တွေအားလုံးအတွက် ငါ့မှာငါ့မိသားစုကဆပ်ပေးရမယ့် တာဝန်ကြီးရှိနေတာ သိတယ်မလား "
Ireneက Kangလို့ခေါ်လိုက်တာနဲ့ သူမ မဖြစ်မနေ နားထောင်ပေးရမယ်ဆိုတာသိနေသည်။ လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ။
" အခုရော အခြေအနေက တိုးတက်လာရဲ့လား "
Irene ပင့်သက်တစ်ခုကို မသိမသာ ချလိုက်ရင်း~
" သဲလွန်စနည်းနည်းတော့ရထားတယ် ဒါပေမယ့် အဆက်အစပ်က ပြတ်နေတုန်းပဲ "
"သူတို့ နောက်ဆုံး တွေ့ခဲ့တာ ဘယ်တော့လဲ "
"အဲ့ဒါတော့မသိဘူး အခုက ပစ္စည်းလေးတစ်ခုအကြောင်းရထားတယ် "
"ပစ္စည်း!!?"
"omm"
______________________________________"Hi"
"Hello"
Short Gunတစ်ခုနဲ့ အလုပ်ရှုပ်နေပုံပေါ်သည့်ဦးလေးကြီးနား Seungwan တိုးကပ်သွားမိသည်။
ဒီအိမ်က Seungwanတို့နေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးရဲ့ ကလေးတွေသဘောကျဆုံးနေရာ ။ တစ်ခြားဘေးအိမ်တွေလိုမဟုတ်ပဲ သူ့အိမ်လေးက နည်းနည်း အနောက်ဆုတ်ကာဆောက်ထားပြီး အိမ်ရှေ့ကို ဝင်းမခတ်ထားပဲ ကစားကွင်းသေးသေးလေးတစ်ခုဆောက်ထားသည်။ အိမ်ငယ်လေးရဲ့ဘေးမှာ စတိုခန်း အသေးလေးတစ်ခုရှိပြီး ဦးလေးကြီးကိုတော့ အိမ်ပေါ်မှာထက် အဲ့ စတိုခန်းလေးထဲမှာပဲ အမြဲ တစ်ခုခုလုပ်နေတာကို တွေ့ရတတ်သည်။