Part(5)

138 7 0
                                    

အချိန်အတော်အတန်ကြာအောင်သူ့ကိုကျွန်တော်ငေးနေမိည ည်။ထိုအချိန်ခဏလေးအတွင်းလောကကြီးအတွင်းကတိတ်ဆိတ်ငြိမ်သက်နေသလို ထိုအချိန်တွင်....
ထွန်း"ဒီက ထီးမပါရင်လည်းကျွန်တော်နဲ့အတူသွားမယ်လေ မင်းအိမ်ကသိပ်မဝေးဘူးမလား”

အလင်း"ကျေးဇူးပါဘဲ ကျွန်တော်အိမ်ကသိပ်မဝေးပါဘူး"

ထွန်း"အဲ့ဒါဆို မင်းကိုယ့်ကိုလမ်းပြပေးပေါ့"

အလင်း"အာ...ဟုတ်.. ပြပေးမယ် အာ့ဆိုသွားရအောင်"

အလုံလမ်းမကြီးထက် မိုးစက်များကျနေသည့်မှာ နှင်းစက်များသဖွယ် ချမ်းစိမ့်မှုက ရင်ထဲတိုးဝင်လာဆဲ ချမ်းနေသောကြောင့် ခြေများလက်ဖျားအေးနေသည့်ထက် ကိုယ့်ချစ်ရတဲ့သူဘေးနားတွင်ရှိလို့ လက်ဖျားများအေးစက်နေသည်ဆိုပိုမှန်လိမ့်မည်..။

ထို့နောက်...

ထွန်း"မင်းခုနကငိုနေတာတွေ့တယ်..စိတ်ညစ်စရာများရှိလို့လား"

အလင်း"စိတ်ညစ်စရာလို့ပြောရမှာထက် နာကျင်စရာလို့ပြောရင်မှန်မယ်"

ထွန်း"အော်.. ဘာနာကျင်စရာများရှိလို့ ငိုရတဲ့အထိတောင်ဖြစ်ရတာလဲ မင်းရင်ဖွင့်ချင်ရင်အချိန်မရွေးပြောပြနိုင်ပါတယ်"

အလင်း"ရပါတယ်ဗျာ.. ကျွန်တော်နာကျင်စရာတွေနက်လည်းနေသားကျနေပါပိ.. အခုမှတော့အဆန်းလုပ်ပြီးထူးမနေတော့ပါဘူး"

ထွန်း"ဟုတ်ပါပြီ...မင်းလိုအပ်တဲ့အကူညီဆိုပြောလေ ကိုယ်ကူညီနိုင်တာရှိကူညီပေးလို့ရအောင်ပါ"

အလင်း"အာ...ဟုတ်"

အပြင်ပိုင်းကသာအလိုက်သင့်ပြောနေရပေမယ့်လည်း ထွန်းမင်းသိလား မင်းကိုချစ်မိတဲ့အတွက်ကိုယ့်ကိုတောင်နောင်တရချင်သွားတယ် ဒါပေမယ့်လည်းကွာ အချစ်ဆိုတာကနှလုံးသားစေခိုင်းတဲ့အတိုင်းလိုက်ရမြဲပဲကို.. ငါလည်းရှောင်လွှဲလို့မှမရတာ
အချိန်တွေသာနောက်ပြန်သွားလို့ရရင်မင်းနဲ့မတွေ့မိအောင်နေချင်မိတယ်... ဟူး..အချစ်ဆိုတာကြီးငါ့ဘဝထဲကိုဝင်လာမှလိ့လိ့လားလားတွေကိုဖြစ်နေရော...။

ထွန်း"မင်းပြောပြတဲ့အိမ်ရောက်ပြီ"

အလင်း"ဟ..ဟုတ်ကျေးဇူးပါပဲ... အတွေးလွမ်နေတာနက်ဘဲရောက်လို့ရောက်မှန်းမသိမိလိုက်ပြီးဗျာ.."

ထွန်း"ဖြစ်ရလေ..မင်းကတော့လေ"

အာခဏကျွန်တော်ဘာဖြစ်သွားတာလဲ???သူ..သူ.ကျွန်တော်ခေါင်းကိုပုတ်သွားတယ်..အာ.ထိုခဏကျွန်တော်ရင်ခုန်သံလေ မြန်းလွန်းလို့.. နှလုံးရောဂါရတော့မယ်...

ထို့နေ့ကကျွန်တော်အသေပျော်ခဲ့တယ် ပျော်လွန်းလို့အိမ်ကအမေတောင် နင်ဆင်ဂနယ်လ် ကြော်ငြာရိုက်နေတာလားလို့ပြောယူရတဲ့အထိဘဲဗျ....

လူတိုင်းကလေတကယ်ချစ်မိသွားတဲ့အခါကျရင် ကဗျာဆရာတွေ စာရေးဆရာတွေဖြစ်ကုန်ကြရော...ဘာဖြစ်လို့လဲဆိုတော့
သူတို့ကတကယ်ချစ်မိသွားတဲ့အခါ သူတို့အချစ်ကိုစကားလုံးအမျိုးမျိုးနက်မတူညီအောင်ဖော်ပြတတ်ကြတယ် ကျတော်လည်းသူတို့ထဲကတယောက်လိုဘဲ ကျတော်အချစ်ကိုစကားလုံးတစ်လုံးစီနက်ဖော်ပြတယ် ဒါပေမယ့်ကျတော်ကစာရေးဆရာတွေ ကဗျာဆရာတွေလိုတော့novelမဆန်ချင်တော့ဘူး ကျတော့်အချစ်ကိုသူသိအောင် သီချင်းလေးတွေနက်ဖော်ပြမယ် ကျတော်ကိုယ်ပိုင်songလေးနဲ့ပေါ့  သီချင်းကတော့အခုမှရေးမလို့ ရေးပြီးမှဘဲ မင်းတို့ကိုဖတ်ပြမယ် သက်လား...

ထွန်း.....ဒီနေ့တွေ့ခဲ့တဲ့ကောင်လေးအကြောင်းစဉ်းစားမိတယ် ဘယ်လိုကောင်လေးလဲမသိဘူး သူ့ကြည်းရတာဘယ်လိုနာကျင်စရာများရှိလို့ငိုရတဲ့အထိဖြစ်ရတာလဲမသိဘူး သူငိုရင်ကျတော်ရင်ဘတ်ကအောင့်နေသလိုဘဲ..သူ့ကိုကျတော်သူငယ်ချင်းတွေပြောတာအရဆိုကောင်လေးကplay boyဆိုဘဲ
ကျောင်းစတက်တဲ့နေကစပြီး ဆုံးတဲ့နေအထိ မရိုးရအောင်တယောက်ပြီးတယောက်ပြောင်းတာတဲ့.. ကျတော်အထင်ညနေကငိုတာလဲ သူအသဲကွဲလို့နေမှာပါလေ အဲ့ကြောင့်မလို့ကျတော်ကိုမပြောချင်တာနေမှာပါ..သူ့အကြောင်းတွေးနေတာတောင်လွန်နေပြီ.. ဒီနေ့အေးအေးဆေးဆေးလေးအိပ်ချင်တယ် ကောင်လေးရေ ငါမှာ တစ်နေ့တစ်နေ့မင်းအကြောင်းတွေးရင်းအိပ်ပျော်သွားလို့ ကြာရင်ငါလည်းရူးတော့မယ်............
.
.
.
.
.
.
.
.
.
အလင်း...ကျတော်ရေးနေတယ် သီချင်းတော့ဟုတ်ဘူး...ရည်းစားစာပြီးတော့မယ်..ကျတော်ကသီချင်းcrazyဆိုတော့ကာ သီချင်းလေးတွေ့နက်ဖွဲ့ပြီးရေးတယ် ပြီးရင်ခင်ဗျားကိုပေးမယ်.. ပေးမယ်သာဆိုတာပါဗျာ မပေးဖြစ်ဖို့ကတော့များပါတယ်..ကျတော်လေတစ်ခါမှချစ်လည်းမချစ်မိဘူးဘူး ရည်းစားတွေသာများတာရည်းစားစာလည်းမရေးဘူးဘူး.. ခင်ဗျားနဲ့ကျမှကျတော်မလုပ်တတ်တာတွေလုပ်နေတာရတယ့်.အဲ့တာခင်ဗျားသိဖို့ကောင်းတယ်....

Accident(Completed){Season 1}Where stories live. Discover now