ကျွန်တော်သိတယ်.ယွန်းဂီက ကျွန်တော့်အပိုင်မဟုတ်ဘူး.(ချစ်တယ် ယွန်းဂီ ) ဘယ်သူမှမသိနိုင်ပါဘူး
(ဂျီမင်း ငါလဲမင်းလိုမျိုး ဒါပေမဲ့လဲ)
ဟက် မင်းကဘာလေးလဲကွာ.မင်းဘက်ကစခဲ့တာပဲကျောင်းစဖွင့်တဲ့အချိန်လဲဖြစ် ကျောင်းမတတ်ခင်အချိန်လဲဖြစ်တော့ စာသင်ခန်းတခုလုံး ပြေးလွှားနေကြတဲ့ ကျောင်းသားတချို့ တချို့ကတော့ စာဂျပိုးပီပီ စာအုပ်နဲ့ မျက်နှာညားနေလေရဲ့.တချို့ကတော့တခါမှမအိပ်ဘူးသလိုမျိုး အိပ်နေကြတာများ ဆင်အော်တောင် မနိုးနိုင်ဘူး ထင်သား.
အဲ့လိုလူတေထဲမှာ ကျွန်တော်က ဘာလဲ လာမမေးနဲ့ အခုအတွေးတေက ကျွန်တော်ရဲ့အတွေးတေလေ"ဂျီမင်းလေး မင်လေး? မင်းဘာတေတွေးနေတာလဲ စိတ်လေလွင့်နေတာမကောင်းဘူး"
"ဒီလိုပါပဲ ဂျွန်ဟျွန်းရာ"
(တွေးနေတာကတော့များကြီးပဲ အပြင်မှာစကားဆို အများကြီးပြောချင်တာမဟုတ်ဘူး
အဲ့ဒါကြောင့်လဲ ခင်တဲ့လူ သိပ်မရှိတာ ကျွန်တော့်အတွက် အတွက်မဆန်းပါဘူး)"ဘယ်သူ့ကိုငေးပီးတွေးနေတာလဲ ဟမ် ဂျီမင်း ဟမ် ဖြူဖြူဖွေးဖွေး .."
"တော် တော် ဟျွန်းလိုမျိုး မှတ်နေလား ကျွန်တော်က ဘာလုပ်ရင် စာပိုရမလဲစဥ်းစားနေတာ"
"စာရချင်ရင် စာလုပ်လေ မစွံရင် မစွံဘူးလုပ်"
"အိုးဟိုး ဟျွန်းလိုမျိုး မရှုပ်တတ်တော့ ကျွန်တော်ဘယ်စွံမလဲ"
"အပြင်မှာသာ မင်းမရှုပ်တာ မင်းစိတ်ကူးထဲမှာ တခန်းလုံးနဲ့ပတ်ရှုပ်နေတာ ငါမသိဘူးမထင်နဲ့"
"ယား ဟျွန်း ဟျွန်း (အမှန်တေပြောနေသော နမ်ဂျွန်း အား ပတ်ဂျီမင်း တယောက် အော်ခွင့်သာရှိ)
"ဟုတ်တော့လဲဟုတ်ပါတာ် ငါ့လိုချောမှ အပြင်မှာရှုပ်နိုင်မှာပေါ့"
ထိုစဥ် စာသင်ခန်းတံခါးပေါက်ကနေ စူးရှတဲ့နေရောင်က မီးမှောင်းထိုးပြသလို တောက်ပတဲ့ အရောင်၀ါနဲ့ အရပ်ရှည်ရှည် အချောလေးတစ်ယောက် ၀င်လာခဲ့တယ်
"ဘယ်သူလဲ ငါ့လို WWHS ရှိတဲ့နေရာမှာ ချောတယ် လာပြောရဲတာ"