Unicode
"ကျွီ......ဒုန်း...."
အရှိန်ပြင်းစွာမောင်းလာသော ကုန်တင်ကားကြီးက BMW ကားကြီးအား ဝင်ကျုံးလိုက်ခြင်းပင် ။ကုန်ကားပေါ်မှ လူကတော့ ပြေးဆင်းသွားခဲ့ပြီ ။ကျန်ရှိခဲ့သည်က သွေးသံရဲရဲနဲ့ မှန်ကွဲစများ နေရာမလပ် ကပ်ငြိနေတဲ့ လူတစ်ယောက်ပင်။သူ့နာမည်က လွမ်းထည်ဝါ ပင် ။မြန်မာနိုင်ငံရဲ့ အကြွယ်ဝဆုံး ထိပ်တန်းစာရင်းဝင် သူဠေးတစ်ဦးပင် ။ထည်ဝါ ဆိုသည့် လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်သည့် လူပ်ငန်းစုကြီးရဲ့ အရှင်သခင်လည်း ဖြစ်သည်။ သူ့ရဲ့ ဘွဲ့တစ်ခုက (stone of heart )ကျောက်တုံး လို့တောင် ခေါ်ကြတယ် ။အရှားဆုံးအရာဆိုရင် သူ့အပြုံးပဲ ။သူ့အဖေတောင် မမြင်ဖူးဘူးတဲ့ သူ့သားပြုံးတာကို ။
တစ်နာရီခန့်အလိုက.........
"သခင်လေး ပါရီမီာ ချိန်းထားတာရှိပါတယ် ""ဒီည မှ လေယာဥ်တက်ရင် မှီနိုင်လား ။ရဲနိုင် "
"မှီနိုင်ပါတယ် ။သခင်လေး အမေရဲ့အုတ်ဂူသွားမလို့လား "
"omm.."
"ကျွန်တော် ပို့ပေးပါ့မယ် သခင်လေး "
"မလိုဘူး ငါ ဒီနေ့တစ်ယောက်တည်းနေချင်တယ် "
"ဟုတ်ကဲ့ပါ သခင်လေး "
"ရဲနိုင် လိုတာတွေအကုန် စီစဥ်ထားလိုက်။ည တစ်နာရီအရောက် ငါလာခဲ့မယ် "
"ဟုတ်ကဲ့ပါ သခင်လေး "
"အာ့ဆို ငါသွားပြီ"
90° bow လိုက်ပြီး သခင်လေး ကားမောင်းသွားရာ တစ်လျောက်ကို ကြည့်လိုက်မိသည် ။သခင်လေး ဘယ်လောက်ဝမ်းနည်းနေမလဲ သူသိသည် ။သခင်လေးက သူ့အမေကို တော်တော် ချစ်သည်ပင် ။သခင်လေး အမေဆုံးပြီးကတည်းက သခင်လေးက ခက်ထန်သွားသည်ပင် ။
"ဘယ်သူများလဲလို့ လွမ်းထည်ဝါ ရဲ့ ခွေးလေးပဲ ဟားဟားဟား "
"မဂ်လာပါ "
"အဟက် ငါ့အထင်တော့ နင်တို့ ပါရီဘက်က တွေ့ဆုံမှု ဖျက်ရတော့မယ်. "
"ဘာလို့ဖျက်ရမယ်လို့ ထင်တာလဲဗျ "
"အဟက် သူ့ချစ်မေမေကြီးရဲ့ အုတ်ဂူဆီပေါ့ ။သူမနက်ဖြန်သွားရမှာလေ "
YOU ARE READING
blind love
Romanceကို့ မျက်စိတွေ ထပ်မမြင်ရရင် နေပါစေ ငယ် ။မင်းအနားရှိနေရင် ကျေနပ်တယ် ။ လွမ်းထည်ဝါ ခများအတွက် ကျွန်တော်က မျက်လုံးတစ်စုံ ဖြစ်ပါရစေ ။ သစ်ခက်ညို