Part -7

6.3K 683 18
                                    

အပိုင်း - ၇

' ဘာမှ အပိုကုန်ကျစရိတ်မရှိဘူးဆိုလကုန်ထိတော့ လောက်နိုင်ပါတယ်'

ကျောင်းမသွားခင် လက်ထဲကျန်သော ငွေစက္ကူ တစ်ချို့ကို မုန်တိုင်း ရေတွက် ကြည့်နေမိသည် ။ အာကာ့ပယောဂကြောင့် စနေ ၊ တနင်္ဂနွေ အချိန်ပိုင်းအလုပ် ပြုတ်သွား၍ လက်ထဲဝင်ငွေက နည်းသွားပြန်သည် ။

သို့သော် ကိုယ့်အမှားဆိုတော့လည်း ဘာတတ်နိုင်မည်နည်း ။ မုန်တိုင်းဆိုသည့် နာမည်နဲ့လိုက်အောင် ဒေါသကြီးသူဖြစ်တာကြောင့်ဒေါသထွက်တိုင်း သူ့ကိုယ်သူထိန်းသော်ငြား ထိုနေ့ကတော့ ဘယ်လိုမှထိန်းလို့မရ ။

အာကာ့ကို နိုင်ချင်ဇောနှင့် သက်တန့်ရောင်ရှေ့က စူပါဟီးရိုးကြီးသဖွယ် မားမားမတ်မတ်ရပ်တည်ပေးခဲ့ခြင်းအပေါ်မှာလည်း မုန်တိုင်း ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်နေမိသည် ။

" သက်တန့်ရောင် မင်းငါ့အပေါ် အကြွေးတွေ တော်တော် များ နေပြီ"

မုန်တိုင်း မနက်စာစားရင်း မချိတင်ကဲ​ ရေရွတ်လိုက်သည် ။ ထို့နောက်စက်ဘီးကို ထုတ်ကာ ကျောင်းသွားဖို့ပြင်သည် ။

ကျောင်းသားကဒ်က ပျောက်ခြင်းမလှပျောက်နေ၍ ကျောင်းနောက်ပေါက်ကပဲ ခိုးကြောင်ခိုးဝှက်ဝင်ရသည်မှာ ရက်ပင် အတော်ကြာနေလေပြီ။ နောက်အချိန်ပိုင်းအလုပ်တစ်ခု မရှာတွေ့သရွေ့တော့ ကျောင်းနောက်ပေါက်နဲ့ညားနေရဦးမှာပင်။

ထုံးစံအတိုင်း ကျောင်းတံတိုင်းပေါ်က ကျော်ခွကာ အောက်ကို ဆင်းပြီး မုန်တိုင်း စက်ဘီးကို ဖုန်ခါနေတုန်း ချစ်စဖွယ် အသံလေး တစ်ခုကိုကြားလိုက်ရသည် ။

* ညှောင်

" အားယိုး.... ကလေးလေး ဘာဖြစ်လို့လဲ "

အသံလာရာကို မုန်တိုင်း လှမ်းကြည့်လိုက်တော့ သက်တန့်ရောင် ။
သူ့လက်တစ်ဖက်တွင် ရွှေဝါရောင် ကြောင်လေးတစ်ကောင်ကို ပွေ့ချီထားပြီး နောက်တစ်ဖက်မှာတော့ စားလက်စ ဝက်အူချောင်းကို ကိုင်ထားသည် ။

" ငါ့ပိုင်နက်ထဲကို ဘာလာလုပ်တာလဲ မင်းလေးက ဟင်? "

* ညှောင်

PhilophobiaWhere stories live. Discover now