(part11)🐼⚽

5.4K 317 1
                                    

(Zawgyi)

ကျွန်တော်နားကြားများ မှားတာလား

"အကိုဘာပြောလိုက်တာလဲ"

"ကိုယ် ကလေးကို ချစ်တယ်လို့"

အိုးမိုင်ဂေါ့ ငါနားကြားမှားတာ မဟုတ်ဘူး သူတစ်ကယ်ပြောလိုက်တာပဲ။

ကျွန်တော့်မျက်နှာကို နူးနူးညံ့ညံ့ ကြည့်ပြီးကိုပြောလိုက်တာ
ချစ်တယ်ဆိုတဲ့စကားလုံးကို တစ်စက်လေးတောင် တွန့်ဆုတ် ခြင်းမရှိဘဲ ယုံကြည့်မှုအပြည့်နဲ့ကိုပြောလိုက်တာ။

"ကိုယ်သိပါတယ် ကလေးယုံနိုင်မှာ မဟုတ်ဘူးဆိုတာ"

"ကျွန်တော်က ယောက်ျားလေး တစ်ယောက်လေ ပြီးတော့
အကိုလဲ..."

"ကိုယ်လဲ ယောက်ျားလေးတွေကို ကြိုက်တဲ့သူတစ်ယောက်
မဟုတ်ပါဘူး ကိုယ်သဘောကျတဲ့ မင်းကယောက်ျားလေး
တစ်ယောက် ဖြစ်နေတာပဲရှိတာ "

"ကျွန်တော်တို့တွေ့တာလဲ မကြာသေးဘူးမလား"

"မြင်မြင်ချင်း အချစ်ဆိုတာကို ကလေးယုံလားမသိပေမယ့် အခုကလေးရှေ့မှာ ရှိနေတဲ့ ကိုယ်ကတော့ ကလေးကို
ုမြင်မြင်ချင်း ရင်ခုန်ခဲ့တဲ့သူပဲ"

(Daddy နော်စကားတွေ တတ်နေတာ😒)

ကျွန်တော်ဘာ ဆက်ပြောရမလဲ ယောက်ျားလေး
တစ်ယောက်က ကိုယ့်ကို ချစ်ခွင့်ပန်မယ်ဆိုတာ အိပ်မက်ထဲမှာတောင် ထည့်မမက် ဖူးတဲ့ကိစ္စပဲလေ။

"ကျွန်တော်..."

"ကလေးငြင်းချင်လဲ ရပါတယ် ကိုယ်က ကိုယ်ကလေးပေါ်မှာ
ခံစားနေရတဲ့ ခံစားချက်ကို ကလေးကိုသိစေချင်ရုံပါ ဖြစ်နိုင်
ရင်တော့ ကလေးကိုယ့်ကို စဉ်းစားပေးစေချင်တယ် ကိုယ်
ကလေးပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ်တွက် အာမခံပေးနိုင်ပါ
တယ် ကလေးသာ ကိုယ့်ကို မုန်းမသွားဘူးဆိုရင်ပေါ့"

ကျွန်တော်ဘာမှ ပြန်ပြောမလာတော့ စိတ်မကောင်းဖြစ်သွား
ပြီး ​ခေါင်းငုံ့ သွားတဲ့သူ။

"ကျွန်တော့် ကိုစဉ်းစားဖို့အချိန်ပေးပါအုံး"

အဲ့တော့မှမယုံနိုင်တဲ့ အကြည့်တွေနဲ့ ကျွန်တော့်ကိုကြည့်
လာပြီး

"ဒါဆို ကလေး ဆိုလိုတာက ကိုယ့်ကိုစဉ်းစားပေးမယ်ပေါ့"

"အွန်း..."

Daddy CEO and His Baby🐼⚽Where stories live. Discover now