Soulmate (one short) unicode

1.2K 119 9
                                    

Soulmate

"ပွမ် ပွမ် .... ပွမ် ပွမ်"

နှစ်ချက် ဆင့်၍ထွက်လာသော ကားဟွန်းသံကြောင့် ဂျီမင်း ညကတည်းက ပြင်ဆင်ထားသည့် စာအုပ်တွေ အကုန် ကျောပိုးအိတ်ထဲထိုးထည့်ကာ အိမ်အောက်ထပ်သို့ ဒရောသောပါး အပြေးဆင်းမိသည်။

"ဟဲ့ .... ဖြေးဖြေးလုပ်ပါ သားရယ် ..... ဘာမှ မစားသွားတော့ဘူးလား"

"ရတယ် အမေ ..... ကျွန်တော် သွားပြီနော်"

အနောက်က လှမ်းအော်နေသော မာတာမိခင်အား လက်တစ်ဖက်မြှောက်ပြကာ နှုတ်ဆက်ပြီး ခြံဝတွင် ရပ်ထားသော ကားလေးဆီသို့ ပြေးသွားလိုက်၏။ အရင်ရက်တွေကဆိုရင် သူ အစောကြီးပြီးနေကျ။ မနေ့က ညဘက် ညည့်နက်သွားတာကြောင့် ဒီနေ့မနက် အိပ်ရာထ နောက်ကျသွားခြင်းဖြစ်သည်။ တောင်နှင့်မြောက်လို ဖြစ်နေသော သူ့ဆီသို့ တကူးတက လာခေါ်တတ်သည့် ထယ်ယောင်းက သူ့ကို ပြန်စောင့်နေရတာမျိုး မဖြစ်စေချင်။ ပြီးတော့ အခုလို အချိန်မျိုးမှာ ပိုပြီး မစောင့်စေချင်။

"Sorry ..... ညက ညည့်နက်သွားလို့"

တကယ်ဆို ထယ်ယောင်းနှင့် သူ့ကြားမှာ တောင်းပန်စကားတို့ အကြောင်းပြချက်တို့ဆိုသည်မှာ မလိုအပ်။ ဆယ်စုနှစ် တစ်ခုနီးပါးမျှရှိသော ခင်မင်မှု အတိုင်းအတာသည် တစ်ယောက် ပါးစပ်ဟလိုက်သည်နှင့် ဘာပြောတော့မယ် ဆိုတာကို ကြိုပြီးသိနိုင်သည့် အခြေအနေတွင်ရှိသည်။ အခုတလော နှစ်ယောက်ကြား မပြေလည်သည့် ကိစ္စအချို့ကြောင့်သာ ထယ်ယောင်းကို တောင်းပန်စကား ဆိုမိခြင်းဖြစ်သည်။ ထယ်ယောင်းက ဘာမှ ပြန်မပြော အကြည့် တစ်ချက်ဖြင့်သာ တုန့်ပြန်သည်။

ဒီလိုဆိုတော့လည်း ဂျီမင်း မနေတတ်။ သို့ပေမယ့် သူ တင်းထားရဦးမည်။ မဟုတ်လျှင် ဘယ်သူနဲ့ မပေါင်းနဲ့ ဘာမလုပ်နဲ့ စသည်ဖြင့် သူ့အပေါ် ကန့်သတ်ချက်တွေက များပြားလွန်းသည်။ သူလည်း ထယ်ယောင်းနဲ့ ရွယ်တူတစ်ယောက် ဖြစ်တာကြောင့် သူ့ ကိစ္စတွေကို သူကိုယ်တိုင် ဆုံးဖြတ်ရတာကိုသာ ကြိုက်သည်။ မှားသွားလျှင်လည်း ကိုယ်တိုင်ခံ လိုက်ရုံသာ ဖြစ်သည်။ ထယ်ယောင်း ကတော့ ထိုသို့မဟုတ် ကိုယ်တိုင်သာ အမှားလုပ်ချင်လုပ်မည် သူ့ကိုတော့ တစ်စက်ကလေးမှ အမှားအယွင်းမခံ။ ထို့ကြောင့်လည်း သူ့ရဲ့ ဆုံးဖြတ်ချက် တော်တော်များများ ဝင်ပြီး ဆုံးဖြတ်တာတွေ ဖြစ်လာသည်။

SOULMATE [One Short]Onde histórias criam vida. Descubra agora