အပိုင်း(1)

23.6K 1.1K 117
                                    

Zawkyi code _

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(1)

ဒေါသထွက်တက်သူများမဖတ်ပါနှင့် အကုသိုဟ်များပါလိမ့်မယ်။စကားအသုံးအနှုန်းများ
အပြင်နဲ့တူအောင်ရေးထားတဲ့အတွက်
ရိုင်းသွားခဲ့ရင်ခွင့်လွှတ်ကြပါ။

မိုးသည်းထန်စွာရွာတဲ့ညတစ်ညတွင်
ကလေးအားအိပ်ရန်ချော့သိပ်နေတဲ့ ကောင်လေးတစ်ယောက်။
ထိုကောင်လေးရဲ့မျက်ဝန်းထဲမှထွက်ကျလာတဲ့မျက်ရည်စများ။

"သားလေးမွေးနေ့မလုပ်ပေးနိုင်တာခွင့်လွှတ်ပါသားရယ်..ပါပါးလဲသေချင်နေပီ..
ပါပါးရဲ့သားလေးတော့မျက်နှာငယ်ရမှာပါပါး
မကြည့်ရက်ဘူး"

သီဟကျော်တစ်ယောက်ပါးပြင်ပေါ်ကမျက်ရည်စများကို လက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်လိုက်ကာ သားလေးကိုကြည့်တော့အိပ်မောကျ
နေတော့သည်။

"ပါပါးကိုခွင့်လွှတ်ပါသားရယ်...ပါပါးမလုပ်
ချင်တဲ့အလုပ်ကိုလုပ်ရတော့မယ်"

သီဟကျော်လဲ ဆုံးဖြတ်ချက်ချကာ သားလေး
အခန်းထဲကထွက်လာခဲ့ပီး မီးဖိုချောင်ထဲသို့ဝင်
လာခဲ့သည်။
မီးဖိုချောင်ထဲက အိမ်သုံးတဲ့ဓါးတစ်ချောင်းကို
ယူလိုက်ကာ ထိုဓါးကိုစိုက်ကြည့်လိုက်သည်။

"ဓါးကတော့သွေးစွန်းတော့မှာသေချာတယ်
မောင့်ကို ကလေးအရမ်းမုန်းတယ် "

သီဟကျော်တစ်ယောက် ဓါးကိုစုပ်ကိုင်ထားကာ မောင်အခန်းထဲသို့ဝင်လာခဲ့သည်။

သီဟကျော်အရမ်းချစ်ရတဲ့ ရှိုင်းသူရကအရက်
သောက်ထားတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မော
ကျနေတော့သည်။

"မောင်ဖောက်ပြန်နေတာ ကလေးသိပီးပီ
မောင်အရမ်းရက်စက်တယ် ကလေးတို့မှာ
သားလေးရှိရဲ့သားနဲ့ မောင်မို့လို့လုပ်ရက်တယ် ပြီးတော့မောင်ဖောက်ပြန်နေတာက
ကလေးရဲ့သူငယ်ချင်းအရင်းကြီး။ကိုယ့်ရဲ့
ယောကျာ်းကနှလုံးသားကိုဓါးနဲ့ထိုးယုံတင်မက
ဘူး သူငယ်ချင်းအရင်းကြီးကပါနောက်ကျော
ကိုဓါးနဲ့ထိုးသာ ခွင့်မလွှတ်နိုင်ဘူး"

သီဟကျော်လဲ မငိုဘူးလို့တင်းထားရက်ကြားကစီးကျလာတဲ့မျက်ရည်များ။

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)(Zawkyi Code)Where stories live. Discover now