Episode-3

7.4K 469 11
                                    

အိမ်ရှေ့ရောက်တော့ Chanyeol မောင်းနှင်လာတဲ့ကားလေးကို အရှိန်လျော့ပြီးနောက် ရပ်လိုက်သည်

ဒီအိမ်ကတော့ အဲ့ချာတိတ်လေးအတွက်တော့

စိမ်းနေမယ်လို့ ထင်ရပေမဲ့ ကျွန်တော်ကတော့

တခါတလေ ဒီကို အပန်းဖြေဖို့လာတတ်တယ်လေ

မေမေတို့ကလည်း အဲ့ချာတိတ်လေး နေရခက်မှာစိုးလို့

သက်သက်အိမ်ခွဲနေခိုင်းတော့ အဆင်ပြေသွားတာပေါ့

ကျွန်တော်ဘေးနားက အိပ်မောကျနေသည့် ချာတိတ်လေး

ကို လှမ်းကြည့်လိုက်မိသည်

^သူ့ဘယ်ဘက် ရင်အုံလေးကတော့ ပုံမှန်ထက်

ပိုခုန်သွားတယ်ဆိုတာ သူသတိမပြုမိပါဘူး ^

Chanyeol ., ချာတိတ်လေးကိုမနိုးစေချင်တာကြောင့်

ကားအပြင်ထွက်ပြီး ချာတိတ်လေးဘက်က

တံခါးအသာကို အသာလေးဖွင့်ကာ

ချာတိတ်လေးရဲ့ ကျောဖက်နဲ့ ခြေတကောက်ကွေးနားကို

အသာလေး လက်လျှိုထည့်ကာ ပွေ့ချီလိုက်တယ်

အော် လူကောင်သေးတော့ ပေါ့ပေါ့လေးမှတ်လို့ ချီလိုက်မိပါတယ်

** အိ လေးလိုက်တာ **

~~~~~~~~~~~~~~~~

Baekhyun လေပေါ်မြောက်တတ်သွားသလို ခံစားလိုက်ရတယ်

ညင်သာတဲ့လေပြေလေညင်းလေးက သူ့မျက်နှာကို

သာသာလေး ထိတွေ့နေတယ်

** ဟဟ ငါပျံနိုင်ပီကွ **

~~~~~~~~~~~~~~

Chanyeol, Baek ကိုချီထားတုံး

Baek လက်နှစ်ဖက်ကို ကားလိုက်သည်

ပြီးတော့ ပါးစပ်ကလည်းပြောလိုက်သေးသည်

" ငါပျံနိုင်ပီကွ …" တဲ့

အော် အိမ်မက်,မက်တာတောင် …ဟဟ

တော်တော်လည်း ပေါနိုင်တဲ့ဟာလေး ~~~~

Chanyeol , Baek ကိုယ်ကို မနိုင်မနင်း မကာ

အိမ်ထဲသို့ဝင်လာသည်~~~~

Baekhyun နိုးသွားမှာ စိုးတာနဲ့ ကုတင်ပေါ်ကို အသာလေး တင်ပေးမယ်ပေါ့ ဒါပေမဲ့ သူ့အကြံအတိုင်း မဖြစ်ခဲ့~~~

Love AffairWhere stories live. Discover now